နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၆၀ ကျော်အရွယ်များအတွက် ကောင်းမွန်သော အာနိသင်ရရှိမည့် Covid ကာကွယ်ဆေး EMA ထုတ်ပြန်

ဂျာကာတာ  ဇွန် ၁၆

အသက် ၆၀ ကျော်အရွယ်များ အ တွက် ကောင်းမွန်သော  အာနိသင် ရရှိမည့် Covid ကာကွယ်ဆေးကို ဥရောပသမဂ္ဂ ဆေးဝါးထိန်းသိမ်းရေးအဖွဲ့  (EMA) ထုတ်ပြန်လိုက်သည်။
AstraZeneca ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၏ အကျိုး၊ အပြစ် နှိုင်း ယှဉ်ချိန်ဆသည့်အချိုးတွင် ကောင်းကျိုး က ပိုမိုများပြားပြီး ယင်းကာကွယ်ဆေး သည် အသက်အရွယ်မရွေး၊ အထူး သဖြင့် အသက် ၆၀ နှင့် အထက် အရွယ် များအတွက်ပါ အလွန်ကောင်းမွန်သော အကျိုးကျေးဇူး ပေးစွမ်းနိုင်ကြောင်း ဥရောပသမဂ္ဂ ဆေးဝါးထိန်းသိမ်းရေး အဖွဲ့၏ COVID-19 အထူးတာဝန်အဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။
 
AstraZeneca ၏ ကာကွယ်ဆေး သည် ရှားပါးသွေးခဲမှုဖြစ်စဉ်များ ဖြစ်ပွား နိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေ သည့်ကြားမှ ကမ္ဘာ့နိုင်ငံများအနေဖြင့် အသက် ၆၀ ကျော် အရွယ်များအပြင် အသက်ငယ်ရွယ်သူများကိုပါ အဆိုပါ ကာကွယ်ဆေး မထိုးနှံပေးသင့်ကြောင်း ဥရောပဆေးဘက်ဆိုင်ရာ  အေဂျင်စီ (EMA)  ၏ အထူးတာဝန်အဖွဲ့အကြီးအကဲ မာကို ကာဗာလယ်ရီက ပြောကြားခဲ့ သည်ဟု အီတလီသတင်းစာတွင် ဖော်ပြ ခဲ့သည်။

AstraZeneca ၏ ကာကွယ်ဆေး သည် အသက်အရွယ်အားလုံးအထူးသ ဖြင့် အသက် ၆၀ အထက် အရွယ်များကို ကောင်းမွန်သည့် အကျိုးကျေးဇူးပေးစွမ်း နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးသုတေ သီများကလည်း အကြံပြုထားသည်။
ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ