နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ရောဂါ ကူးစက်မှုကြောင့် ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် အခက်အခဲကြုံနေ

ဟနွိုင်း  ဇွန် ၁၆

ပြီးခဲ့သည့် ၂၄ နာရီအတွင်း လာအို တွင် ကိုဗစ် ၁၉ ကူးစက်ခံမှုမှာ နိုင်ငံ တစ်ဝန်းပြည်နယ်များနှင့် မြို့ ၁၈ မြို့အ နက် မြို့ ၄ မြို့တွင် ကူးစက်သူ ၁၄ ဦး ကိုထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရ သူပေါင်း နှစ်ထောင်ကျော်ရှိခဲ့ကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနကထုတ် ပြန်လိုက်သည်။

အဆိုပါရောဂါ ဖြစ်ပွားသူများအနက် ၇ ဦးကို ရပ်ကွက်ကျေးရွာများတွင်တွေ့ ရခြင်းဖြစ်ပြီး ကျန်သူများကို ကွာရင် တင်းစင်တာတွင် တွေ့ရကြောင်းထုတ် ပြန်ခဲ့သည်။ နိုင်ငံအတွင်း ကူးစက်ခံရ သူများအနက် ၁၈၈၈ ဦးမှာ ပြန်လည် ကောင်းမွန်လာပြီဖြစ်သော်လည်း ၃ ဦး မှာ Covid 19 နှင့် ဆက်နွယ်သော ရောဂါ ကြောင့် သေဆုံးခဲ့ရကြောင်းသိရ သည်။

ထိုင်းနိုင်ငံတွင်မှု အဆိုပါဗိုင်းရပ်စ် ပြန့်နှံကူးစက်မှုကြောင့် ပြည်နယ် ၁၁ ခုရှိ စက်ရုံ ၁၃၀ တွင် ကူးစက်ခံရသူ ၇၁၀ဝ ကျော်ရှိခဲ့ပြီး ထိုးတက်လာသည့် ကူးစက်မှုကြောင့် ပြည်ပပို့ကုန်နှင့်တိုင်း ပြည်စီးပွားရေး ထိခိုက်နိုင်မှုအပေါ်  စိုးရိမ်ပူပန်မှုများကို တိုးတက်လာစေခဲ့ သည်။ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့်  ထိုင်းတွင်မူ  ကူးစက်ခံရသူ ၁၉၉၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၁၄၆၆ ဦးထိရှိခဲ့ ကာ ထိုထဲမှ ကူးစက်ခံရသူ၏ ၈၀ ရာခိုင် နူန်းနှင့် သေဆုံးသူ၏ ၉၀ ရာ ခိုင်နှုန်းမှာ ဧပြီလက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မျိုးဝင်း (ref; BBC)






အခြားဆက်စပ်သတင်းများ