နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝလမ်းကြောင်းဖြောင့်ရေး

လောက၌ မိဘစကားကိုနားထောင်သူများ ကြီးပွားတိုးတက် သကဲ့သို့ မိဘစကားနားမထောင်မိကြ၍ နောက်တ တစ်ဖန်ပူပန်  ခြင်းများစွာ ဒုက္ခပင်လယ်ဝေရသူများလည်းရှိ၏။ မည်သည့် မိဘ မဆို မိမိသားသမီးများအပေါ် ဆိုးစေလိုသောဆန္ဒမရှိ။ ကောင်းစေ လိုသော ဆန္ဒသာရှိ၏။ ကောင်းစေလိုသော သဘောဖြင့်သာ ပြောဆိုဆုံးမကြ၏။

လက်ရှိ မျက်မှောက်ခေတ်တွင်လည်း မိဘစကားနားထောင် သူများနှင့် နားမထောင်သူများ ဘဝအနေအထားခြားနားပုံကို တွေ့မြင်ရပေလိမ့်မည်။ မိဘတို့မည်သည် လမ်းကောင်းကိုသာ ညွှန်ပြတတ်၏။

ငယ်စဉ်အခါ  တတ်သင့်တပ်အပ်သော အသက်မွေးဝမ်းကျောင်း ပညာများ  သင်ယူတတ်မြောက်ထားခြင်းမရှိလျှင်  ဘဝ တစ်လျှောက်လုံး လျှောက်လှမ်းရာတွင် ခက်ခဲကြမ်းတမ်း၏။ ဆင်းရဲနွမ်းပါးမှုကြောင့် ငယ်ဘဝတွင် ပညာမသင်နိုင်ဘဲ အလုပ် လုပ်ကြရသည့်အခါ ဝင်ငွေနည်း၍ နိမ့်ကျသောအလုပ်ကိုသာ လုပ်ကြရသည်။ အရွယ်ရောက်လာသည့်အခါတွင်လည်း ပညာ မတတ်ခြင်းကြောင့်လည်းကောင်း၊ ကျွမ်းကျင်လုပ်သားမဟုတ်ခြင်း ကြောင့်လည်းကောင်း ဝင်ငွေနည်းကြရသည်။
ကျွန်ုပ်တို့အနေဖြင့် လိမ္မာရေးခြားရှိရန်ကား မိဘ၊ ဆရာသမား များ ဆိုဆုံးမမှုကြောင့်သော်လည်းကောင်း၊ ကိုယ်တွေ့ဗဟုသုတ များကြောင့်သော်လည်းကောင်း၊ စာပေဗဟုသုတများကြောင့် သော်လည်းကောင်း ရရှိနိုင်ပေ၏။ သို့သော် မိဘဆရာသမားတို့၏ ဆိုဆုံးမမှုထက် စာပေကရရှိလာသော ဗဟုသုတများကြောင့် ပို၍ လိမ္မာရေးခြားရှိသည်ဟုဆိုလျှင် မည်သူမျှမငြင်းနိုင်ပါ။

ယနေ့အချိန်၌ နိုင်ငံတော်တွင် စက်မှုအခြေခံရှိသည့် နယ်မြေ ဒေသများ၌ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ တည်ထောင် လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များက အထူးအရေးပါလှ သည်။

ယခုအခါ လူငယ်လူရွယ်တို့အား ဘဝတိုးတက်အောင်မြင်ရေး တံခါးပေါက်ကို ဖွင့်ပေးနိုင်သည့် သင်တန်းများစွာရှိ၏။ ဥပမာ ကွန်ပျူတာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ စက်မှု နည်းပညာသင်တန်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်းများ စသည်တို့ဖြစ်၏။ ယင်းသင်တန်းများ တက်ရောက်ခြင်းဖြင့် ဗဟုသုတကြွယ်ဝနိုင်၏။ မှန်ကန်မြန်ဆန်သော အသိပညာကို တစ်လှမ်းချင်းတိုးပွားနိုင်၏။

ယ‌နေ့လူငယ်လူရွယ်တို့သည် မိဘ၊ ဆရာသမားများ၏ ဆိုဆုံးမမှုအပေါ် လေးစားစွာနာခံဆောင်ရွက်ခြင်းဖြင့် ဘဝ လမ်းကြောင်းဖြောင့်ကာ တစ်ဆင့်ထက်တစ်ဆင့် တက်လှမ်းလျက် ဘဝတိုးတက်အောင်မြင်မည် ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ