နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်တွက်ဆမရသော သဘာဝဘေး

ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့် အဝန်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်အနည်းအများ ခံစားနေကြရသည်။ သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် အန္တရာယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်း တွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။

မြန်မာနိုင်ငံသည် ပုံမှန်မဟုတ်သော မိုးလေဝသဖြစ်စဉ်နှင့်အတူ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းများ မကြာခဏတိုက်ခတ် ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ မုန်တိုင်းရွေ့လျားရာ လမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ မုတ်သုံကာလတိုခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြစ်ရေကြီးခြင်းစသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း ဇွန် ၁၂ ရက် နံနက်က ကသာမြို့ မြေငလျင်စခန်းမှအနောက်- အနောက်တောင်ဘက် ၁၁ မိုင် ခန့်ကွာဝေးသော မြန်မာပြည်တွင်း အင်းတော်မြို့ဟောင်း အရှေ့တောင်ဘက် ၆ မိုင်အကွာ အင်အားရစ်ချ်တာစကေး               ၃ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့် ငလျင်လှုပ်ရှား သည်။ အလားတူ ဇွန် ၁၂ ရက်၊ ညနေပိုင်းက မြစ်ကြီးနား မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာ မြန်မာတရုတ်နယ်နိမိတ်တွင် ရစ်ချ်တာစကေး  ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားသည်။
သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် ဆူနာမီ ရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက် နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းပါ ဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင် ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်သင့်ပေ သည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ နှီးနွှယ်ဆက်စပ်နေ သည့် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သဘာဝဘေးအန္တရာယ် မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆတက်ထမ်းပိုးဆောင်ရွက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ