နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖခင်ဆန္ဒကို ဖြည့်ဆည်းနိုင်သူ၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သူ ဂျော်ဒန်ဟန်ဒါဆန်

ဇွန် ၁၁

လွန်ခဲ့တဲ့ ၁၀ နှစ်‌ ဒီလိုနေ့မှာ ဂျော်ဒန် ဟန်ဒါဆန် ဟာ လီဗာပူးကို ရောက်လာခဲ့ ပါတယ်။ ဟန်ဒါဆန် တစ်ယောက် လီဗာပူးကိုရောက်ရောက်ချင်းရုန်းကန်ခဲ့ရပြီး ၂၀၁၂ မှာ ဖူလ်ဟမ်ကို အရောင်းခံရလုနီးပါးဖြစ်ခဲ့ရတယ်။၂၀၁၃ မှာတော့ သူ့အဖေဟာ ကင်ဆာရောဂါကို စတင်ခံစားခဲ့ရချိန်မှာသူ့အဖေက သူ့အတွက် Man of the match ဆုတွေ အများကြီး ယူပေးဖို့ သူ့သားကို တောင်းဆိုခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ တဖြည်းဖြည်းနဲ့ လီဗာပူးရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာတယ်။၂၀၁၅ မှာတော့ ဂျာရတ်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဟန်ဒါဆန်က လွှဲပြောင်းရယူခဲ့ရပါတယ်။

ဟန်ဒါဆန်ဦးဆောင်တဲ့ လီဗာပူးဟာဥရောပ ဖိုင်နယ်နှစ်ခု (၂၀၁၆,၂၀၁၈) တက်ရောက်ခဲ့ ပေမယ့်ရှုံးနိမ့်ခဲ့ရတယ်။ ဒါပေမယ့်၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့တယ်။

ဒီနေ့ဒီအချိန်မှာဟန်ဒါဆန်ရဲ့ အဖေက လည်း ကင်‌ဆာရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့ပြီး ပြန်လည်ကျန်းမာလာပါပြီ။ သူ့သားဦးဆောင်တဲ့လီဗာပူးဟာချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ စူပါကပ်၊ Club World Cup စတဲ့ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တာကို သူကိုယ်တိုင်ကြည့်ရှုခွင့်ရခဲ့တယ်။ Covid ကာလတုန်းကလည်း ဟန်ဒါဆန်ဦးဆောင်တဲ့ ပရီးမီးယားလိဂ်အသင်းခေါင်း ဆောင်တွေဟာ ကျန်းမာရေး၀န်ထမ်းတွေအတွက် လှူဒါန်းခဲ့ပါတယ်။ Super Leagueကို ကန့်ကွက်ဖို့အတွက် ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေကို အရေးပေါ်အစည်းအဝေးခေါ်ခဲ့တာလည်း ဟန်ဒါဆန်ပါပဲ။                      (SO)






အခြားဆက်စပ်သတင်းများ