နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှို့ဝှက်အက်ပလီကေးရှင်းများအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်နေသည့် ဂိုဏ်းများကိုဖမ်းမိကြောင်း ဩစတြေးလျထုတ်ပြန်

ကမ်ဘာရာ    ဇွန်   ၁၁

ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုး ရေးအေဂျင်စီများက ရာဇဝတ်မှုကျူးလွန် သူများသုံးသည့် ဖုန်းအက်ပလီကေးရှင်း များတွင်       သတင်းအချက်အလက်ထိုးဖောက် ဝင်ယူကာ သန်းပေါင်းများစွာရှိသည့် သင်္ကေတဝှက်သတင်းစကားများကို ဖတ်ကြည့်ပြီးနောက် နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ ရာပေါင်းများစွာသော ရာဇဝတ် သားများကို    ဖမ်းဆီးလိုက်နိုင်ပြီဖြစ် သည်။  

အဆိုပါစစ်ဆင်ရေးကိုဩစတြေးလျ နှင့် ဥရောပရဲများ၊ အမေရိကန်ပြည် ထောင်စုအက်ဖ်ဘီအိုင်တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ   မူးယစ်ဆေးဝါးရောင်းဝယ်မှု များတွင် ပါဝင်ပတ်သက်နေကြသည့်  ဩစတြေးလျ၊ အာရှ၊ ဥရောပ၊ တောင် အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသ များမှ သံသယရှိသူများကို ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။ ယင်းသို့ ကမ္ဘာအနှံ့စီးနင်း ဖမ်းဆီးမှုများတွင် ရာဇဝတ်ဂိုဏ်းများ သည် လူ ၈၀ဝ ကျော် ဖမ်းဆီးမိပြီး ငွေသားစုစုပေါင်းဒေါ်လာ ၁၄၈ သန်း ကိုပါ သိမ်းဆည်းရမိခဲ့ကာ  မူးယစ် ဆေးဝါး အလေးချိန်တန်ပေါင်းများစွာ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

အက်ဖ်ဘီအိုင်က ထရိုဂျန်ဒိုင်းဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင် ရေးသည် အထူးပြုသင်္ကေတလျို့ဝှက် ကွန်ရက်များကို ဖော်ထုတ်ဖမ်းဆီးမှု များတွင် အကြီးမားဆုံးဆောင်ရွက်မှု တစ်ခုဖြစ်သည်။  
မျိုးဝင်း (Ref;Reuters)






အခြားဆက်စပ်သတင်းများ