နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂူတာရက်စ်ကို ကုလအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းဆက်လက်ထမ်းဆောင်ရန် လုံခြုံရေးကောင်စီ ထောက်ခံ

နယူးယောက်   ဇွန်   ၁၀


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ကို ဒုတိယ သက်တမ်း    ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ရေးအတွက်     ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထောက်ခံလိုက်ပြီ  ဖြစ်သည်။ 


လုံခြုံရေးကောင်စီအနေဖြင့် ဂူတာ ရက်စ်ကို အဆိုပြုထောက်ခံချက်ပေးခဲ့ ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလ သမဂ္ဂအထွေထွေညီလာခံကိုဆက်လက် တင်သွင်းရမည်ဖြစ်ကာ လာမည့်ဇွန်လ ၁၈ ရက်တွင်   ကုလသမဂ္ဂအထွေထွေ ညီလာခံအတွင်း မဲခွဲအတည်ပြုမည်ဖြစ် သည်။ 

ကုလသမဂ္ဂ      လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန် တို့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဆိုပြုမှုကို ကန့်ကွက်တားမြစ်နိုင်ခြင်း ကြောင့် ယခုကဲ့သို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ     လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ် Guterres သည် အတွင်းရေးမှူးချုပ် ပထမသက်တမ်းအတွင်း     ထူးချွန် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပြီး     ရာထူးနှင့်ထိုက်တန်သူဖြစ် ကြောင်း လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌသံအမတ်ကြီးက ထောက်ခံပြော ဆိုသည်။ 

ဂူတာရက်စ်အနေဖြင့်      ယင်း၏ ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ်အဖြစ် ပထမသက်တမ်း      တာဝန်စယူစဉ် ကတည်းက ဖြေရှင်းပေးနိုင်ခြင်းမရှိသေးသည့်     အီသီယိုးပီးယားအရေးကဲ့သို့ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ပြဿနာသစ်များကို   ယင်း၏ ဒုတိယ သက်တမ်းတွင် ရင်ဆိုင်ရမည်ဖြစ်သည်။


 မျိုးဝင်း (Ref;CNN)






အခြားဆက်စပ်သတင်းများ