နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားနှင့် တူရကီနယ်စပ်အနီးဆုံး ဗုံးပေါက်ကွဲသေဆုံးမှုနှင့် ဒဏ်ရာရမှုများဖြစ်ပေါ်

အန်ကာရာ   ဇွန်   ၁၀


ဆီးရီးယားနယ်စပ်အနီး အယ်လ်ရိုင်း မြို့တွင် ဇွန်လဒုတိယပတ်အစပိုင်းက အိတ်အတွင်းမှ     ပေါက်ကွဲခဲ့သောဗုံး ကြောင့် အနည်းဆုံးလူတစ်ဦးသေဆုံး ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေး အရင်းအမြစ်များက ပြောသည်။


 အဆိုပါဗုံးမှာ တူရကီနှင့်နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့ဖြစ်သည့် အယ်လ်ရိုင်းရှိ အလွန်စည်ကားသော လမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်အတွင်းထားခဲ့ ရာမှ   ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မီးသတ် သမားများက မီးလောင်ရာကိုမြင်သဖြင့် မီးကိုငြှိမ်းသတ်ရန်     ကြိုးစားခဲ့သော် လည်း လူသေဆုံးကာ အဆိုပါမီးလောင် ရာနေရာအနီးအနားရှိဆိုင်များ ပျက်စီး ဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ပေါက်ကွဲမှု‌ ကြောင့်   ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့်ပို့ဆောင် ပေးခဲ့ပြီး ဒေသခံလုံခြုံရေးတပ်ဖွဲ့များက ယခု    အသေအပျောက်ရှိခဲ့သည့် တိုက်ခိုက်မှုကို YPG / PKK မှ အကြမ်း ဖက်အဖွဲ့အစည်းမှ စီစဉ်ခြင်းဖြစ်နိုင်ဖွယ် ရှိကြောင်း ထုတ်ပြန်ထားသည်။


ရဲခေါင် (Ref;AP)






အခြားဆက်စပ်သတင်းများ