နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်၏ cloud ကုမ္ပဏီစနစ်ချို့ယွင်းမှုကြောင့် ကမ္ဘာ့သတင်းဌာနအချို့ထုတ်လွှင့်မှု ခေတ္တရပ်ဆိုင်းခဲ့

နယူးယောက်   ဇွန်   ၁၀


ကမ္ဘာလုံးဆိုင်ရာ    အင်တာနက် ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ အရေးပါသောအဓိက သတင်းဌာနများ၊ အမေဇုန်နှင့်ဗြိတိန် အစိုးရ၏ ဝက်ဘ်ဆိုက်များ ရပ်တန့်သွား ခဲ့ရကြောင်း နစ်ကေးအေးရှားသတင်း ဌာနက ဇွန် ၉ ရက်တွင် အသိပေးခဲ့သည်။ ယင်းသို့     စနစ်ပြတ်တောက်သွားရ ခြင်းမှာ တိုကျိုစံတော်ချိန် ညနေ၆နာရီ ၅၀မိနစ်ခန့်ကဖြစ်ပြီး အမေရိကန်အခြေ စိုက် Fastly အမည်ရှိ ကလောက်တ် ကွန်ပျူတာဝန်ဆောင်မှု      cloud computing services ကုမ္ပဏီ၏ စနစ် များ ရုတ်တရက်ချို့ယွင်းသွားခြင်းနှင့် ဆက်စပ်နေကြောင်း သိရသည်။ 

Fastly သည် အကြောင်းအချက် အလက်များကို ပေးပို့ဖြန့်ချိသည့် content delivery network ဝန်ဆောင်မှု လုပ်ငန်းလုပ်နေသည့် ကုမ္ပဏီဖြစ်ပြီး ဖောက်သည်များ၏ servers အတွင်း ဗွီဒီယိုများ၊ ဓါတ်ပုံမျာနှင့် အခြားသော အချက်အလက်များကို    သိမ်းဆည်း ထားပေးခြင်းဖြင့်   ဝက်ဘ်ဆိုက်များ၏ loading အချိန်ကို လျှော့ချပေးသည့် စနစ်ဖြစ်သည်။ 


ထို့ကြောင့် စနစ်ချို့ယွင်းသွားချိန် တွင်  သတင်းဌာနအများစု၏ သတင်း ထုတ်လွှင့်မှု ရပ်ဆိုင်းသွားခဲ့ပြီး တစ်နာရီ အကြာတွင် စနစ်ပြန်လည်ပြုပြင်ကာ ပုံမှန်ပြန်ဖြစ်ခဲ့ကြောင်းနှင့် စနစ်ချို့ယွင်း မှုအတွက် အားနာရကြောင်း ကုမ္ပဏီက   တောင်းပန်စကားဆိုထားသည်။                  

မျိုးဝင်း (Ref;Kyodo)






အခြားဆက်စပ်သတင်းများ