နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားကမ်းရိုးတန်းမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ငါးရာကျော်ကို ကယ်တင်

ထရီပိုလီ  ဇွန်   ၁၀


တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၅၅၇ ဦးကို လွန်ခဲ့သည့်သီတင်းပတ်က လစ်ဗျားနိုင်ငံ     ကမ်းရိုးတန်းတွင် ကယ်တင်ခဲ့ရပြီး လစ်ဗျားသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း    နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က ထုတ်ပြန်ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် တွင် ဗဟိုမြေထဲ ပင်လယ်လမ်းကြောင်း ရှိ လစ်ဗျားကမ်းရိုးတန်းပြင်ပတွင် အမျိုး သမီးနှင့်   ကလေးငယ်များအပါအဝင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၁၀, ၇၇၁ ဦးအားကယ်ဆယ်နိုင်ခဲ့ပြီး လူ ၁၈၈ ဦးသေဆုံးကာ ၄၈၇ ဦးပျောက်ဆုံးခဲ့ ကြောင်း IOM အဆိုအရ သိရသည်။ 


လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ် တွင် ခေါင်း ဆောင် မွမ်မာကဒါဖီ သေဆုံး သွားချိန်မှစ၍ မလုံခြုံမှုနှင့် ပရမ်းပတာ အခြေအနေများနှင့် ကြုံတွေ့လျက်ရှိ ကြောင်း၊ လစ်ဗျားနိုင်ငံသည် မြေထဲ ပင်လယ်အားဖြတ်သန်းကာ   ဥရောပ ကမ်းခြေများသို့ သွားရောက်လိုကြသည့်  တရားမဝင် ရွှေ့ပြောင်းသွားလာသူများ အတွက် ရွေးချယ်စရာနေရာတစ်ခုဖြစ် လာခဲ့ကြောင်း သိရသည်။ ကယ်ဆယ် ခံရသော   ရွှေ့ပြောင်းသွားလာသူများ သည် လစ်ဗျားနိုင်ငံတစ်ဝန်းရှိ လူဦးရေ ထူထပ်လှပြီး နိုင်ငံတကာကပိတ်ပစ်ရန် ထပ်ခါတလဲလဲပြောကြားနေသည့် လက်ခံရေးစင်တာများ၌ အဆုံးသတ် သွားလေ့ရှိကြောင်း သိရသည်။ 

မျိုးဝင်း (Ref; Xinhua)






အခြားဆက်စပ်သတင်းများ