နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါနီမီဒီအမည်ရှိ အကြီးမားဆုံးလကမ္ဘာ၏ ပုံရိပ်ကို နာဆာထုတ်ဖော်ပြသ

ဝါရှင်တန်   ဇွန်   ၁၀


နာဆာ၏ ဂျူနိုအာကာသယာဉ်မှ တစ်ဆင့်    နေအဖွဲ့အစည်းအတွင်းမှ အကြီးမားဆုံးသော      လဖြစ်သည့် ဂျူပီတာ ၃ အမည်ရ ဂါနီ‌မီဒီကို ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း နာဆာက ထုတ်ဖော် ပြောကြားလိုက်သည်။

 

ဂျူနိုအာကာသယာဉ်သည် ဂါနီမီဒီ ၏အပေါ်မှဖြတ်၍ပျံသန်းကာ   ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး   ရိုက်ကူးခဲ့သော ပုံရိပ်များအရ နေအဖွဲ့အစည်းအတွင်း အကြီးမားဆုံးလဖြစ်သည့် ဂါနီ‌မီဒီ‌ပေါ် တွင် ရေနှင့်ရေခဲများ ဖုံးလွှမ်းနေသည်ကို မြင်တွေ့ရကြောင်း၊ ထို့အပြင် အဆိုပါ လပေါ်တွင် မီတာ ၇၀ဝ (ပေ ၂၀ဝ၀) အထိ မြင့်မားသည့် ကုန်းမြင့်များကိုလည်း မြင်တွေ့ရပြီး နာဆာ၏ ဂျုနို အာကာသ ယာဉ်ရိုက်ကူးသည့်     ဓာတ်ပုံများမှာ ထင်ရှားပြတ်သားသဖြင့်     ဂါနီမီဒီ၏ မြေမျက်နှာသွင်ပြင်ကိုပါ အသေးစိတ် မြင်တွေ့ခဲ့ရကြောင်း သိရသည်။ 


ဂျူနိုအာကာသယာဉ်ကို     စောင့် ကြည့်စစ်ဆေးသူကမူ ယင်းတို့ မျိုးဆက် အတွင်း မည်သည့် အာကာသယာဉ် ကိုမှ အကြီးမားဆုံးသောလကို အနီးကပ်ဆုံး မပျံသန်းဖူးခဲ့ကြောင်း၊ ယခုရရှိခဲ့သော အချက်အလက်‌များနှင့် ဂါနီမီဒီလ၏ ဖွဲ့စည်းပုံ၊   သံလိုက်စက်ကွင်းများနှင့် မြေမျက်နှာသွင်ပြင်များကို ပိုမိုလေ့လာ သွားမည်ဖြစ်ကြောင်း    အသိပေးထား သည်။ ဂျူနိုအာကာသယာဉ်ကို လွန်ခဲ့ သော ၅ နှစ်က    ကမ္ဘာပေါ်မှတစ်ဆင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဂျူပီတာဆီသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 


ရဲခေါင် (Ref;AFP)






အခြားဆက်စပ်သတင်းများ