နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်အသင်း အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် မေ့လိုက်တော့လို့ ပြောခဲ့တဲ့ ပီအက်ဂျီအသင်းပိုင်ရှင် အယ်ခါလိုင်ဖီ‌

ဇွန် ၉


ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ခါ လိုင်ဖီက ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် မေ့ပစ်လိုက်ဖို့  ပြောခဲ့ပါတယ်။ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီ နဲ့ စာချုပ် သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိ နေပြီး စာချုပ်သစ် ချုပ်ဖို့အတွက် နှောင့်နှေးနေတာကြောင့် ရီးရဲလ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ L'Equipe သတင်းစာကနေတစ်ဆင့် အယ်ခါလိုင်ဖီက " ပီအက်စ်ဂျီအသင်း အနေနဲ့ အမ်ဘတ်ပီကို စာချုပ်သစ် ချုပ်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ အမ်ဘတ်ပီလို ကစားသမားမျိုးကို ရောင်းချမှာမဟုတ်သလို အလွတ် ပြောင်းရွှေ့ကြေးနဲ့လည်း ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ သူကအံသြဖွယ်ကောင်း တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆု ကို ရမယ့်ကစားသမားမျိုးပါ။ပီအက်စ်ဂျီ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်နေသူဖြစ်တာကြောင့် သူ့ကိုခေါ်ယူ ချင်တဲ့အသင်းတွေအနေနဲ့ မေ့ပစ်လိုက် ဖို့ပဲ ပြောချင်ပါ တယ်" လို့ ပြောခဲ့ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ