နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်အသင်းကစားသမား ဘရာဟမ်ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူရန် အေစီမီလန်အသင်းစီစဉ်‌ဇွ

ရီးရဲလ်မက်ဒရစ်အသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် ကွင်းလယ်ကစားသမား ဘရာဟမ် ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူရန် အေစီမီလန် အသင်းက စီစဉ်နေကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဘရာဟမ်ဒီယက်ဇ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှ အေစီမီလန်အသင်းသို့ တစ်ရာသီအငှားဖြင့် လာရောက် ကစားခဲ့သူဖြစ်ပြီး ယင်းသည် အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။


ထို့ကြောင့် အေစီမီလန်အသင်းသည် ဘရာဟမ်ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူ လိုနေပြီး ရီးရဲလ်မက်ဒရစ်အသင်းနှင့်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။


ရီးရဲလ်မက်ဒရစ်အသင်းသည် ဘရာဟမ်ဒီယက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ အလိုရှိနေပြီး အေစီမီလန်အသင်းအနေဖြင့် ယင်းပမာဏကို ပေးချေနိုင်မည်ဆိုပါက အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ်ရှိ ကြောင်း သိရသည်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ