နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိန်းကလေးငယ်နှစ်ဦးကို နမ်းပြီး ဗီဒီယိုရိုက်ခဲ့သည့် အမျိုးသားကို ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး

မေ ၂၀၊ အစ္စလာမ်မာဘတ်


မိန်းကလေးငယ်နှစ်ဦးကို နမ်းပြီး ဗီဒီယိုရိုက်ခဲ့သည့် အမျိုးသားကို ဖမ်းဆီးထားကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ်ရှိသည့် မိန်းကလေးငယ်နှစ်ဦးမှာ လူမှုကွန်ရက်ပေါ်တွင် အဆိုပါဗီဒီယို ပျံ့နှံ့ခဲ့ပြီးနောက် ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ မိန်းကလေးငယ်နှစ်ဦး အသတ်ခံရသည့်ဖြစ်ရပ်မှာ အဆိုပါဗီဒီယိုမှတ်တမ်းနှင့် ဆက်နွှယ်နေဖွယ်ရှိသည်ဟု ဆိုသည်။


အသက် ၂၈ နှစ်ရှိသည့် အူမာအေယက်ဇ်မှာ မိန်းကလေးနှစ်ဦးကို နမ်းပြီး ဗီဒီယိုရိုက်ခဲ့ခြင်းကြောင့် စွဲချက်တင်ခံထားရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြသည်။ 


လူသတ်မှုကို သတင်းပေးပို့ရန် ပျက်ကွက်ခဲ့ပြီး သက်သေအထောက်အထားများ ဖုံးကွယ်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦး၏ဖခင်နှင့် အခြားဆွေမျိုးသုံးဦးကိုလည်း ဖမ်းဆီးထားသည်။ သို့သော် လူသတ်မှုကျူးလွန်ခဲ့သည်ဟု ယုံကြည်ထားသည့် အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ 


လွန်ခဲ့သည့်တစ်နှစ်က ရိုက်ကူးထားသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပျံ့နှံ့ခဲ့သည့် ရုပ်သံမှတ်တမ်းအရ အမျိုးသားတစ်ဦးနှင့် မိန်းကလေးသုံးဦးမှာ လူအသွားအလာပြတ်သည့်နေရာတွင် အတူရှိနေပြီး အမျိုးသားက မိန်းကလေးနှစ်ဦးကို နမ်းနေကြောင်း တွေ့ရသည်။ အသတ်မခံရဘဲ လွတ်မြောက်ခဲ့သည့် မိန်းကလေးမှာ လူသတ်သမားဟု ယူဆရသူ၏ဇနီးဟု ဆိုသည်။ သို့သော် အဆိုပါမိန်းကလေးမှာလည်း အသက်အန္တရာယ်ရှိနေသည့်အတွက် ရဲတပ်ဖွဲ့က ယင်းကို ရှာဖွေလျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ