နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ၏ ရှေးရိုးအိမ်ထောင်ရေးရာထုံးတမ်းစဉ်လာကို ပြည်သူများ ဝေဖန်မှု မြင့်တက်

နယူးဒေလီ , ဇွန် ၉  


အိန္ဒိယ မင်္ဂလာဆောင်ပွဲတစ်ခု တွင် သတို့သမီး လဲကျသေဆုံးမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းမင်္ဂလာပွဲတွင် သေဆုံးသူ သတို့သမီးကို မထောက် ထားဘဲ  သတို့သမီး၏ညီမနှင့် သတို့သား ကို လက်ထပ်ပေးပြီး မင်္ဂလာပွဲ ဆက်ကျင်းပခဲ့သည့်အတွက် ယင်း အပေါ် အိန္ဒိယပြည်သူအများစုက ဝေဖန်မှုများ ပြုလုပ်နေသည်မှာ လက်ရှိအထိ မြင့်တက်လာနေပြီဖြစ် ကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာ ဒေ့ရှ်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအထိ ပြည်သူအများစုမှာ အိန္ဒိယ၏ ရှေးရိုး အိမ်ထောင်ရေးရာ ထုံးတမ်းစဉ်လာ ကို ဝေဖန်မှုများ ဆက်လက်ပြုလုပ် နေကြကြောင်း နိုင်ငံတွင်း ရုပ်သံ တစ်ခုဖြစ်သည့် SCMP သတင်းအရ သိရသည်။ အဆိုပါ မင်္ဂလာဆောင် အခမ်းအနားတွင် သတို့သမီးဖြစ်သူ ဆူရာဘီသည် ရုတ်တရက် လဲကျ သွားပြီး ဆရာဝန်စစ်ဆေးကြည့်သည့် အခါ သေဆုံးသွားပြီဟု အတည်ပြု လိုက်ပြီးနောက်  ယင်းမင်္ဂလာပွဲကို ရပ်ပစ် လိုက်ရမည့်အစား နှစ်ဖက်မိသားစုက ချက်ချင်းတိုင်ပင်ကြပြီး ဆူရာဘီအစား ယင်း၏ညီမ နီရှားနှင့် သတို့သားကို ပွဲအတွင်းမှာပင် လက်ထပ်ပေးပြီး မင်္ဂလာပွဲ ဆက်လုပ်ခဲ့ကြခြင်းဖြစ် သည်။ ယင်းဖြစ်ရပ်မှာ အိန္ဒိယတွင် အမျိုးသားများကြီးစိုးသည့် အစဉ် အလာက လွှမ်းမိုးထားပြီးအများ အားဖြင့် မိန်းကလေးများ၊ ယောက်ျား ကလေးများ၏ စိတ်ဆန္ဒမပါဘဲ မိဘများက စီစဉ်လက်ထပ်ပေးကြ သည်မှာ အများဆုံးဖြစ်ကြောင်း ဒေလီတက္ကသိုလ် လူမှုဗေဒပါမောက္ခ  ကာမေးအက်ပွန်က ပြောသည်။ 

ယခု အဖြစ်အပျက်သည် အမျိုးသား များကြီးစိုးပြီး ကျားမညီမျှမှုမရှိသည့် ရှေးရိုးအိမ်ထောင်ရေးရာ ထုံးတမ်း စဉ်လာကို ထင်ဟပ်နေကြောင်း လူမှု ပညာရှင်များက ပြောဆိုကြသည်။ 

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ