နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ရဲအရာရှိများ၏ သားသမီးများကို ပညာသင်ခွင့်ဗီဇာ အမေရိကန် ပိတ်ပင်

ဝါရှင်တန်, ဇွန် ၉ 


အမေရိကန်အစိုးရ အာဏာပိုင် များသည် တရုတ်ရဲအရာရှိများ၏ သားသမီးများကို ပညာသင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ပြီဖြစ်ပြီး မိဘများ၏ အလုပ်အကိုင်ကြောင့် ကလေးများ ပညာသင်ကြားရေး ထိခိုက်လာခြင်းကို တရုတ်ကျောင်းသားများက စိုးရိမ် ပူပန်နေကြပြီဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ် တားမြစ်ချက်များနှင့် ရင်ဆိုင်နေရသည့် တရုတ်ကျောင်းသားများသည် လက်ရှိ အချိန်တွင် နောက်ထပ် စိန်ခေါ်မှု အသစ်တစ်ခုကို ထပ်မံကြုံတွေ့လိုက် ရခြင်းဖြစ်ပြီး ယင်းတို့အတွက် ယခုစိန် ခေါ်မှုက ပိုမိုပြင်းထန်ကြောင်း တရုတ် ကျောင်းသားများက ပြောသည်။ တရုတ် ကျောင်းသားများသည် ပေကျင်းရှိ အမေရိကန်သံရုံးကတစ်ဆင့် ဗီဇာ လျှောက်နေကြခြင်းဖြစ်ပြီး ဗီဇာ လျှောက်ထားသူများအနက် တရုတ် အစိုးရအရာရှိများ၏ သားသမီးများကို အမေရိကန်အစိုးရဘက်က ဗီဇာ ထုတ်မပေးတော့ဘဲ ဆိုင်းငံ့ထားခြင်း ဖြစ်သည်။ မိဘအလုပ်အကိုင်က သားသမီးများ၏ ပညာရေးအပေါ် သက်ရောက်မှုရှိသည့် အယူအဆကို ယင်းတို့အနေနှင့် အံ့သြရကြောင်း ကျောင်းသားများက ထုတ်ဖော်ပြော ကြားလိုက်ပြီး အမေရိကန်အနေနှင့် တရုတ်ကျောင်းသားများကို သာမန် ကျောင်းသား၊ တရုတ်နိုင်ငံသားအဖြစ် သာ စောင့်ကြည့်သင့်ကြောင်း တရုတ် ကျောင်းသားများက ဝေဖန်လျက်ရှိ သည်။   

မျိုးဝင်း (Ref;AFP)






အခြားဆက်စပ်သတင်းများ