နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကူးစက်မှုလျော့ကျလာသည့် အိန္ဒိယ၏မြို့တော် ဒေလီနှင့် မွမ်ဘိုင်းကို အဆင့်လိုက် လော့ခ်ဒေါင်းများဖြေလျှော့

နယူးဒေလီ၊ ဇွန် ၉ 


COVID-19ကြောင့် ရက်ပေါင်း များစွာ ကန့်သတ်မှုများပြုလုပ်ခဲ့ရသည့် အိန္ဒိယ၏မြို့တော် ဒေလီနှင့်မွမ်ဘိုင်း မြို့များတွင် ကူးစက်မှုများ ကျဆင်းလာ သည့်အတွက် နယူးဒေလီရှိဈေးကွက် များနှင့် ဈေးဝယ်စင်တာများကို ဇွန် ၇ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လိုက် ပြီဖြစ်သည်။ ထို့ပြင် မြို့တော်သွားလာ ပို့ဆောင်ရေးတွင်လည်း စွမ်းဆောင် ရည် ၅၀ ရာခိုင်နှုန်းဖြင့် ဝန်ဆောင်မှု  ပြန်လည်စတင်မည် ဖြစ်ကြောင်း နယူးဒေလီဝန်ကြီးချုပ် ကဂျရီဝယ်လ် က ပြောကြားထားသည်။ ဈေးများ နှင့် ကုန်တိုက်များကို တစ်လှည့်စီ ဖွင့်မည်ဖြစ်ပြီး နေ့စဉ် နေ့ဝက်ဖွင့်ခွင့်ပြုမည်ဖြစ်သည့်အပြင် လုပ်ငန်းဌာန၊ ရုံးများကိုလည်း တစ်ဝက်ခန့်ပြန်လည် ဖွင့်လှစ် လုပ်ကိုင်စေမည်ဖြစ်ကြောင်း၊ အချို့ကို အိမ်မှသာ အလုပ်ဆက်လုပ် ရန် တိုက်တွန်းထားကြောင်း သိရ သည်။ ယခုကဲ့သို့ ဖြေလျော့မှုသည် ပြီးခဲ့သည့်ရက်ပိုင်းက ဒေလီရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ် သည်။                      ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ