နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်း အမျိုးသမီးမေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်ကစားသမား ယူကာဆာဆို ဗိုလ်စွဲ

ဇွန် ၈

ယူအက်စ်အိုးပင်း အမျိုးသမီးမေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်ဆယ်ကျော်သက် ကစားသမား ယူကာဆာဆိုက Playoff (ကျင်းပို) ကစားပြီး အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ယူကာဆာဆိုသည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျှော့ရိုက် နိုင်သော်လည်း ပူးတွဲအဆင့် ၆ နေရာသာ ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေ့တွင်မူ             ၄ ချက် လျှော့ရိုက်ကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။

သို့သော် တတိယနေ့တွင် သတ်မှတ်ရိုက်ချက်အတိုင်းသာ ရိုက်နိုင်သဖြင့် ဒုတိယနေရာသို့ ရောက်ရှိသွားပြီး နောက်ဆုံး နေ့တွင်လည်း သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်ပိုသွားသဖြင့် ပြိုင်ပွဲအပြီးတွင် ဂျပန်နိုင်ငံသူ  ဟာတာအိုကာနှင့်အတူ စုစုပေါင်းရိုက်ချက် ၂၈၀၊ လျှော့ရိုက်ချက် ၄ ချက်စီဖြင့် ပူးတွဲရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် Playoff ဆက်ကစားခဲ့ရပြီး ပထမနှစ်ကျင်းတွင် နှစ်ဦးစလုံး သတ်မှတ် ရိုက်ချက်အတိုင်း ရိုက်နိုင် သော်လည်း တတိယမြောက်ကျင်းတွင် ယူကာ ဆာဆိုက ဘာဒီရိုက်ချက်ဖြင့် ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရသည်။                    
(သူရိန်)






အခြားဆက်စပ်သတင်းများ