နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငြင်းပွားဖွယ် မတော်တဆလက်ထိ ဘောစည်းမျဉ်းကို ယူရို ၂၀၂၀ ပြိုင်ပွဲတွင် သုံးမည်မဟုတ်

ဇွန် ၈

ယူအီးအက်ဖ်အေက လာမယ့်ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဂိုးတစ်ဂိုးအတွက်ကစား ကွက်တည်ဆောက်နေစဉ် တိုက်စစ်သမားတစ်ဦးဦးက မတော်တဆလက်ထိဘော ဖြစ် ခဲ့ပါကလည်း ဂိုးအဖြစ်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဂိုးအတွက် ကစားကွက်တည်ဆောက်နေစဉ် ဘောလုံးနှင့်လက်နဲ့မည်ကဲ့သို့ ထိတွေ့မှုမဆိုဖြစ်ခဲ့ပါကဂိုးကိုခွင့်ပြုခဲ့ခြင်းမရှိပါဘူး။ ယင်း စည်းမျဉ်းမှာကလပ်များအကြားတွင် လူကြိုက်နည်းတဲ့စည်း မျဉ်းဖြစ်ပါတယ်။ မတ်လတုန်းက ဖူလ်ဟမ်နှင့်စပါးစ်ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းတိုက်စစ်ဆင်လာစဉ် မာရီယိုလီမီလာ လက်ထိဘောလုံးဖြစ်ခဲ့ပြီးဂိုးဝင်ခဲ့သော် လည်း VAR ကဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းမရှိပါဘူး။ နိုင်ငံတကာဘောလုံးအဖွဲ့ ချုပ်ဘုတ်အဖွဲ့ဟာ လက်ထိ ဘောစည်းမျဉ်း အပြောင်းအလဲလုပ်ခဲ့ပြီး လာမယ့်ဇူလိုင်လမှ စတင်အသုံးပြုသွားပါ မယ်။ ဒါပေမယ့်ယူအီးအက်ဖ်အေဟာ ယခုလတွင် ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှ စတင်ကျင့်သုံးသွားပါမယ်။ ဒါ့အပြင်ယူအီးအက်ဖ်အေဟာ လာမယ့်ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဒိုင်လူကြီးများအား မှန်ကန်တိကျတဲ့ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် လူကျွံဘောအပါအဝင် အခြားဂိုးအဖြစ် မသတ်မှတ်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်း တိကျတဲ့သက်သေပေးနိုင်ရန်စီစဉ်ထားကြောင်းလည်း ဆိုသွားပါတယ်။        
(SO)






အခြားဆက်စပ်သတင်းများ