နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နေမာရဲ့ခြေစွမ်းပြမှုနဲ့နိုင်ပွဲ အပြည့်အမှတ် အပြည့်ရနေတဲ့ ဘရာဇီးလ်‌

ဇွန် ၈

ဘရာဇီးလ် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲ တောင်အမေရိက ဇုန်ပွဲစဉ်အဖြစ် အီကွေဒေါ အသင်းနဲ့ ကစားခဲ့ရာ ၂-၀ ရလဒ်နဲ့အနိုင်ရရှိခဲ့ပါ တယ်။ အနိုင်ဂိုးတွေကို ရစ်ချာလီဆင် နဲ့နေမာတို့က သွင်းယူခဲ့တာဖြစ်ပြီး ခြေစစ်ပွဲ ငါးပွဲ ကစားအပြီးမှာ ငါးပွဲ လုံးရာနှုန်းပြည့်နိုင်ပွဲရထားတာ ဖြစ်ပါတယ်။  ဘရာဇီးလ်ဟာဒီပွဲမှာ နေမာ၊ ရစ်ချာလီဆင်နဲ့ ဂါဘီရီရယ်လ် ဘာဘိုဆာတို့ကို တိုက်စစ်ကစားသမား အဖြစ်အသုံးပြုခဲ့တာပါ။ ဘရာဇီးလ်တို့ ပထမပိုင်းထဲကဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အီကွေဒေါရဲ့ခံစစ်ပိုင်းကို ထိုးဖောက်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ အဲဒါကြောင့် နေမာရဲ့အဝေးကန်ချက်တွေနဲ့ပဲ ဂိုးပေါက်ခြိမ်းခြောက်ခဲ့တာပါ။ ပထမ ပိုင်းပြီး ခါနီးမှာ ဂါဘရီရယ်လ်ဘာ ဘိုဆာ ရဲ့ ကန်သွင်းချက်ဟာဂိုးဝင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဘရာဇီးလ်တို့နစ်နာခဲ့ရ ပါတယ်။

ဒုတိယ ပိုင်းမှာ ဘရာဇီးလ်တို့ ဂိုးရဖို့ ပိုမိုဖိအားပေးရင်းပွဲချိန် ၆၅ မိနစ်မှာတော့ နေမာ ရဲ့ဖန်တီး ပေးမှုက နေရစ်ချာလီဆင်က အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့တာပါ။ အဲဒီ နောက်ပိုင်းပွဲချိန်မိနစ် ၉၀ မှာ နေမာ ပင်နယ်တီကန်သွင်းခဲ့ရာ အီကွေဒေါ အသင်းဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့်အီကွေဒေါဂိုးသမား ပင်နယ်တီဖမ်းရာမှာ ဂိုးစည်းမနင်းခဲ့တာကြောင့် ပြန်ကန်ခဲ့ ရပြီး နေမာက ပြန်ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘရာဇီးလ် အသင်း က ၂-၀ ရလဒ်နဲ့အီကွေဒေါ အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ အခုလ ၉ ရက်မှာတော့ ပါရာဂွေး အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။            (SO)






အခြားဆက်စပ်သတင်းများ