နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ပူလီဆစ်ရဲ့ အချိန်ပို ပင်နယ်တီနဲ့ဂိုးသမားဟိုဗာရဲ့လက်စွမ်းကြောင့် ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ကို ဗိုလ်စွဲခဲ့တဲ့ အမေရိကန်

ဇွန် ၈

ကွန်ကာကပ်ဖ် နေးရှင်းလိဂ် ဗိုလ်လုပွဲကို ဒန်ဗာမှာ ကစားခဲ့ရာ အမေရိကန်က မက္ကဆီကိုကို ၃-၂ ဂိုးရလဒ်နဲ့ အနိုင်ယူကာ ဆုဖလား ဆွတ်ခူးခဲ့ပါတယ်။ ပွဲစတာနဲ့ မက္ကဆီကိုအသင်းကအသာစီးယူကာ ပေါ်တိုတိုက်စစ်ကစား သမား ကိုရိုနာက သွင်းယူပေးခဲ့လို့မက္ကဆီကိုတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ပွဲချိန် ၂၇ မိနစ် မှာတော့ ရေနာက အမေရိကန်အတွက် ပြန်လည် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ မက္ကဆီကိုအတွက် လိုင်းဇ်က ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပေမဲ့လဲ ပွဲချိန် ၈၂ မိနစ်မှာ အမေရိကန်အတွက် မက္ကင်နီက ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ ပွဲချိန်ပြည့်မှာ ၂ ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။ အချိန်ပိုဆက်ကစားရာမှာတော့ အမေရိကန်တို့ ပင်နယ်တီရခဲ့ပြီး အဆိုပါ ပင်နယ်တီကို အဓိက တိုက်စစ်ကစားသမား ပူလီဆစ်က အမှားအယွင်းမရှိသွင်းယူပေးခဲ့တာကြောင့် အနိုင်ရလဒ်နဲ့အတူကွန်ကာကပ်နေးရှင်း လိဂ်ဖလားပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ပွဲမပြီးခင်အမေရိကန်ကို ရင်ခုန်စေခဲ့ တာကတော့ပွဲပြီးခါနီးမှာ မက္ကဆီကိုဘက်က ပင်နယ်တီ ပြန်ကန်ခွင့်ရခဲ့ပေမဲ့ ဂွာဒါဒိုရဲ့ ကန်ချက်ကို အရန်ဂိုးသမား ဟိုဗာက အကောင်းဆုံး ကာကွယ်သွားခဲ့လို့သာ အမေရိကန်တို့ ချန်ပီယံ ဖြစ်ခဲ့တာပါ။   
                            (SO)






အခြားဆက်စပ်သတင်းများ