နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီမိုကရေစီ မဟာမိတ်များနှင့် လက်တွဲပြီး ရုရှားကို ရင်ဆိုင်မည်ဟု သမ္မတဘိုင်ဒန်ပြော

ဝါရှင်တန်၊ ဇွန် ၈

ရုရှားကိုဆန့်ကျင်မည့်ကိစ္စတွင် အမေရိကန်သည် ဥရောပ မဟာမိတ်များနှင့်အတူရပ်တည်သွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ယင်း၏သမ္မတသက်တမ်းအတွင်း ရုရှားသမ္မတ ပူတင်နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံရန် ရက်ပိုင်း အလိုတွင် ပြောကြားလိုက်သည်။ လာမည့်ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဘိုင်ဒန်အနေဖြင့် ဥရောပသို့ ခရီးထွက်မည်ဖြစ်ပြီး G-7 နှင့် NATO ထိပ်သီးဆွေးနွေးပွဲများ တက်ရောက်မည်ဖြစ်ကာ ရုရှားသမ္မတနှင့် ဂျီနီဗာတွင် ဇွန် ၁၆ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း အမေရိကန်-ရုရှား နှစ်နိုင်ငံ ကြား ကြီးမားသည့်ပြဿနာများကြုံခဲ့ရပြီး အင်တာနက်ခိုးဝင် ဖောက်ထွင်းမှုအပါအဝင် လူ့အခွင့်အရေးကိစ္စနှင့် ရွေးကောက် ပွဲကြားဝင်နှောင့်ယှက်မှုများအပေါ် တင်းမာခဲ့ကြပြီးနောက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမည်ဖြစ်သည်။ အမေရိကန် အနေဖြင့် ဥရောပနိုင်ငံကဲ့သို့ သဘောထားချင်းတူညီသည့် ဒီမိုကရေစီနိုင်ငံ များနှင့်အတူ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာအတွက် ရပ်တည် သွားမည် ဆိုသည့်အချက်ကို သမ္မတပူတင်နှင့်တွေ့ရာတွင် ထပ် လောင်းပြောကြားမည်ဖြစ်ကြောင်း ဘိုင်ဒင်ကအသိပေးထားသည်။                             ရဲခေါင် (Ref;CNN)






အခြားဆက်စပ်သတင်းများ