နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘူကီနာဖာဆိုမြောက်ပိုင်းရှိ ကျေးရွာတွင် ရွာသားတစ်ရာခန့် သတ်ဖြတ်ခံရ

အူဂါဒိုအူဂို၊ ဇွန် ၈

အကြမ်းဖက်သမားများက  ဘူကီနာဖာဆို မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာကို ညဘက်တိုက်ခိုက်ပြီး ရွာသားတစ်ရာခန့်ကို သတ်ဖြတ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇွန် ၇ ရက်က ထုတ်ပြန်ပြောကြားလိုက်သည်။ ပြီးခဲ့သည့်သောကြာနေ့က တိုက်ခိုက် သတ်ဖြတ်မှုတွင် တိုက်ခိုက်ရေးသမားများက နိုင်ဂျာနယ်စပ်အနီး ယာဂါပြည်နယ်ရှိ ဆိုလ်ဟန်ရွာသားများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အိမ်များနှင့်ဈေးကွက်များကိုလည်း မီးရှို့ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် တိုက်ခိုက်သူများကို  အစိုးရကအကြမ်း ဖက်သူများအဖြစ် ဖော်ပြခဲ့ သည်။

အနောက်အာဖရိက ဆာဟယ်ဒေသရှိ အယ်လ်ကေးဒါးနှင့် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သော ဂျီဟတ်ဝါဒီများ၏ တိုက်ခိုက်မှု များမှာ ယခုနှစ်အစပိုင်းကတည်းက သိသိသာသာ တိုးမြင့်လာပြီး အထူးသဖြင့် ဘူကီနာဖာဆို၊ မာလီနှင့် နိုင်ဂျီးရီးယားတို့ရှိ အရပ်သား များမှာ အဆိုပါတိုက်ခိုက်မှုကိုရင်ဆိုင်နေရ ခြင်းဖြစ် သည်။

ယခုတိုက်ခိုက်သတ်ဖြတ်ခံရမှုအတွက် အစိုးရက တစ်မျိုးသား လုံး ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ၇၂ နာရီကြာသတ်မှတ် ခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဘာကီနာဖာဆိုတွင် ဖြစ်ပွားခဲ့ သော အကြမ်းဖက်မှုများကြောင့် လူပေါင်း ၁ ဒသမ ၁၄ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ ဆင်းရဲနွမ်းပါးသည့် ဘူကီနာဖာဆို နိုင်ငံမှာ ဂျီဟတ်ဝါဒီများ တိုက်ခိုက်မှုကြောင့် အိမ်နီးချင်း မာလီနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်နှစ်သောင်းကျော်ကိုလည်း လက်ခံပေးထားရသည်။                                              ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ