နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်ဘဏ်တွင် အပ်ထားသည့် ရွှေများ၏တန်ဖိုးငွေကို ထုတ်ပေးရန် ဗင်နီဇွဲလားဗဟိုဘဏ် ဥပဒေကြောင်းအရ ရင်ဆိုင်

မေ ၂၀၊ ကရာကက်စ်


အင်္ဂလန်ဘဏ်တွင် အပ်နှံထားသည့် ယူရိုသန်း ၉၃၀ တန် ရွှေများ၏တန်ဖိုးငွေကို ထုတ်ယူခွင့်ရရှိရန် ဗင်နီဇွဲလားနိုင်ငံ ဗဟိုဘဏ်က ဥပဒေကြောင်းအရ ရင်ဆိုင်လျက်ရှိသည်။ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကြောင့် အခက်တွေ့နေသည့် ဗင်နီဇွဲလားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာတွင် အပ်နှံထားသည့်ရွှေများကို အသုံးပြုလိုသည်ဟု ဆိုသည်။ 

အပ်နှံထားသည့် ရွှေများကို ပေါက်ဈေးအတိုင်း ဈေးဖြတ်ပြီး တန်ဖိုးငွေကို ကုသလမဂ္ဂ၏ဖွံ့ဖြိုးရေးစီမံကိန်း(UNDP)ထံ လွှဲပြောင်းပေးရန် ပြီးခဲ့သည့်သီတင်းပတ်များတွင် ဗင်နီဇွဲလားနိုင်ငံက မေတ္တာရပ်ခံခဲ့ပြီး ယခုအခါတွင် ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အစားအစာနှင့် ဆေးဝါးကဲ့သို့ အထောက်အပံ့ပစ္စည်းများဝယ်ယူရန်အတွက် ရွှေတန်ဖိုးငွေများကို အမြန်ဆုံးလွှဲပြောင်းပေးစေချင်သည်ဟု ဗင်နီဇွဲလားဗဟိုဘဏ်၏ တရားရေးမှတ်တမ်းများတွင် ရေးသားထားသည်။ ဗင်နီဇွဲလားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၁၈ ဦး ရှိပြီး လူ ၁၀ ဦး သေဆုံးခဲ့သည်။ ဗင်နီဇွဲလားသမ္မတ မာဒူရို၏ ဦးဆောင်မှုအောက်မှာ ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးပြိုလဲခဲ့ပြီး ဗြိတိန်နှင့် အမေရိကန်နိုင်ငံများအပါအဝင် နိုင်ငံတော်တော်များများက ယင်းကို သမ္မတအဖြစ် အသိအမှတ် မပြုပေ။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ