နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလော်ရီဒါ ဘွဲ့နှင်းသဘင်အတွင်း လူသေဆုံးမှု ဖြစ်ပွား

ဝါရှင်တန်၊ ဇွန် ၈

အမေရိကန်နိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ ဖလော်ရီဒါပြည်နယ်တွင် ဘွဲ့နှင်းသဘင်အတွင်း  ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၃ ဦးသေဆုံးပြီး အခြားသောအများအပြားထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ABC သတင်းဌာနကဇွန် ၇ ရက်ကအတည်ပြု ဖော်ပြခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် ဘွဲ့နှင်းသဘင်ပွဲအပြီး ပါတီပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးပွဲကျင်းပရာ စားသောက်ဆိုင် သီးသန့်ခန်း တည်ရှိသည့် ဈေးဝယ်စင်တာတစ်ခုထဲသို့ ကားနှစ်စီးဝင်ရောက် လာကာ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဘွဲ့နှင်းသဘင်ပါတီပွဲ ကျင်းပနေသည့် စားသောက်ဆိုင်ခန်းထဲ ရှိ လူများကို ချိန်ရွယ်၍ ကားတစ်စီးပေါ်မှ သေနတ်သမားတစ်ဦး က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ အခြားအမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးအပါအဝင် အနည်းဆုံးလူ ၆ ဦးထိခိုက် ဒဏ်ရာရ ခဲ့ကြောင်းနှင့် ယင်းတို့သည် လက်ရှိတွင် ဆေးရုံများ၌ တည်ငြိမ်သောအခြေအနေတွင်ရှိနေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

 သေနတ်ပစ်ခတ်ခံရပြီးဒဏ်ရာဖြင့် သေဆုံးသွားသူနှစ်ဦးအား သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် Miami Dade ကောလိပ် Kendall ကျောင်းပရဝဏ်အုတ်နံရံကို ဝင်တိုက်မိခဲ့ကြောင်း WPLG ရုပ်သံလွှင့်ချန်နယ်က ဖော်ပြခဲ့သည်။ သေနတ်တစ်လက်ကို ကားတစ်စီးထဲတွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ယင်းသေနတ်သည် ပစ်ခတ်ချိန်တွင် အသုံးပြုခဲ့သောသေနတ်ဟုတ်၊ မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။       မျိုးဝင်း (Ref;ABC)






အခြားဆက်စပ်သတင်းများ