နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်အိုလံပစ်ကော်မတီ အကြီးတန်းအရာရှိ ရထားရှေ့ ခုန်ဆင်းသေဆုံး

တိုကျို၊ ဇွန် ၈

ဂျပန်နိုင်ငံအိုလံပစ်ကော်မတီ JOC မှ အဆင့်မြင့် အရာရှိ တစ်ဦးသည် ဇွန် ၇ ရက် နံနက်အစောပိုင်းက မြေအောက်ရထား တစ်စင်းရှေ့သို့  ခုန်ဆင်းသွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း တိုကျိုမြို့တော်ရဲတပ်ဖွဲ့များက သတင်းထုတ်ပြန်ပြောဆို ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် ရဲတပ်ဖွဲ့ပြောကြားချက် အရင်းအမြစ်ကိုကိုးကား၍ နီပွန်ရုပ်မြင် သံကြားအပါအဝင် ရုပ်သံဌာနပေါင်းများစွာက ယင်းကို ဖော်ပြခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်သည် အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ကာ အိုလံပစ်ကော်မတီအဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးသွားရခြင်း နှင့်ပတ်သက်၍ ဂျပန်ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် မြင်ကွင်းအရ ၎င်းမှာမိမိကိုယ်ကိုယ် သတ်သေနိုင်ဖွယ်ရှိကြောင်း ဂျပန်ရုပ်သံလိုင်းများ၏ ထုတ်လွှင့်ချက် အရသိရသည်။                                              မျိုးဝင်း (Ref;NHK)






အခြားဆက်စပ်သတင်းများ