နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နှင့်လာအိုသို့ နေ့ချင်းပြန်သွားနိုင်မည့်ဥမင်ကြီးတူးဖော်ပြီးစီး

ကူမင်း ဇွန် ၈

တရုတ်နှင့်လာအိုသို့ နေ့ချင်းပြန်သွားလာနိုင်မည့် ဥမင်ကြီးကို တူးဖော်ပြီးစီးသွားပြီဖြစ်ကြောင်း အာဏာပိုင်များ၏ ကြေညာချက် အရသိရသည်။ တရုတ်နိုင်ငံကူမင်းမြို့နှင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်း မြို့တို့ကို ချိတ်ဆက်ကာ ဖောက်လုပ်နေသည့် ရထားလမ်းပိုင်းပေါ်ရှိ အရှည် ၉ ဒသမ ၅ ကီလိုမီတာရှိသည့် Jingzhai ဥမင်ကြီးကို ဇွန် ၇ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက တရားဝင်ကြေညာလိုက်သည်။

လက်ရှိတွင်ရထားလမ်းတစ်လျှောက် ဥမင်ပေါင်း ၁၆၇ ခု တူးဖော်ထားပြီးဖြစ်ကာ ကီလိုမီတာ ၁,ဝ၀ဝ ရှည်လျားသည့် နယ်စပ်ဖြတ်ကျော်ရထားလမ်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်၏ အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မြို့တော်ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းကို နေ့တစ်ဝက်ဖြင့်ခရီး သွားလာနိုင်မည်ဖြစ် သည်။ တရုတ်-လာအိုရထားလမ်းကို ယခုနှစ်အကုန်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။
မျိုးဝင်း(Ref; Xinhua)






အခြားဆက်စပ်သတင်းများ