နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန် ငှက်ဖျားဆေး သောက်နေသည်ဟု ဒေါ်နယ်ထရမ့် ပြော

မေ ၂၀၊ ဝါရှင်တန်


ပြည်သူ့ကျန်းမာရေးအရာရှိများက စိတ်ချရခြင်းမရှိဟု သတိပေးထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန်အတွက် ဟိုက်ဒရိုဆီကလိုရိုကွင်းဆေးပြားများ သောက်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ မကြာသေးမီကစ၍ ငှက်ဖျားနှင့် အရေပြားလေးဘက်နာရောဂါ(lupus) ကုသရာတွင် အသုံးပြုသည့် ဟိုက်ဒရိုဆီကလိုရိုကွင်းဆေးပြားများ သောက်ခဲ့ခြင်းဟု အိမ်ဖြူတော် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောခဲ့သည်။ 


'' အဲဒီဆေးသောက်နေတာ တစ်ပတ်ခွဲလောက်ရှိပြီ။ ကျွန်တော် သက်ရှိထင်ရှား ရှိနေတုန်းပဲ''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ဟိုက်ဒရိုဆီကလိုရိုကွင်းဆေးပြားမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည့် သက်သေအထောက်အထားမရှိပေ။ ထို့အပြင် နှလုံးရောဂါများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆေးဝါးဆိုင်ရာ စည်းမျဉ်းရေးဆွဲသူများက သတိပေးထားသည်။ ဟိုက်ဒရိုဆီကလိုရိုကွင်းဆေးပြား သောက်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို မေးမြန်းရာတွင် ဒေါ်နယ်ထရမ့်က '' အပြုသဘောဆောင်တဲ့ ဖုန်းခေါ်ဆိုမှုတော်တော်များများ ရခဲ့ပါတယ်။ အဲဒါ ကျွန်တော့်သက်သေအထောက်အထားပါပဲ''ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ