နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား-တရုတ် နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုကို ကြီးမားသောစိန်ခေါ်မှုဟု နေတိုးအကြီးအကဲသုံးသပ်

ဘာလင်၊ ဇွန် ၇

ရုရှား နှင့် တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုနီးကပ် လာနေပြီး မြောက်အတ္တလန္တိတ် မဟာမိတ်စာချုပ်အဖွဲ့ (NATO) အတွက် ရှုထောင့်အသစ်ဖြစ်လာကာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ဂျာမန်သတင်းစာနှင့် အင်တာဗျူးတွင် နေတိုး အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုးလ်တင်ဘာ့ဂ်က ပြောကြားခဲ့သည်။

ယင်း၏အဆိုအရ မော်စကိုနှင့် ဘေကျင်းတွင် ကုလသမဂ္ဂ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအတွင်း ယင်းတို့၏ ခြေလှမ်းများအတွက် ပိုမိုညှိနှိုင်းလေ့ရှိကြောင်း သိရသည်။
 
ထို့ပြင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံကို ထိတွေ့ကာ ပစိဖိတ်ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ကိုမြှင့် တင်ရန် ကြိုးစားလိမ့်မည်ဟု နေတိုး ခေါင်းဆောင်က မှတ်ချက်ပြု ခဲ့ပြီး တရုတ်ကိုယ်စားပြုမှု မြင့်တက်လာခြင်းသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အခြေခံကျသော အပြောင်းအလဲဖြစ်သည်ဟု ထောက်ပြ ပြော ဆိုခဲ့သည်။
ဘရပ်ဆဲလ်တွင် ကျင်းပလာမည့် နေတိုးထိပ်သီးအစည်းအဝေး တွင် NATO-2030 ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များက ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ref;AFP)






အခြားဆက်စပ်သတင်းများ