ကိုလံဘို၊ ဇွန် ၇
သီရိလင်္ကာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်း နှင့် မြေပြိုခြင်းများဖြစ်ပေါ်ကာ အနည်းဆုံးလူပေါင်း ၅၀ဝ၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန် လိုက်သည်။
အိန္ဒိယသမုဒ္ဒရာတွင်း နိုင်ငံတစ်ခု ဖြစ်သည့်သိရီလင်္ကာတွင် ပြီးခဲ့သည့်ကြာသပတေးနေ့ည ကတည်းက ခရိုင် ၆ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အိမ်များ၊ စပါးစိုက်ခင်း များနှင့် လမ်းများရေကြီးခဲ့ကာ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲရေး ဌာန၏အဆိုအရ ရေကြီးမှု ကြောင့် သေဆုံးသူများလည်းရှိနေကာ အချို့မှာ ပျောက်ဆုံးနေ ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။
ဒေသတွင်း ရုပ်မြင်သံကြားလိုင်းတစ်ခုက မူယင်းဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ရွာသားများနှင့် စစ်သားများက အဆိုပါမြေပြိုသည့် နေရာများမှ ရွံ့နွံနှင့် အမှိုက်များကိုဖယ်ရှားပစ်သည့် မြင်ကွင်းများကို နေ့စဉ်သတင်း များတွင် ပြသခဲ့သည်။
ရဲခေါင် (ref;Reuters)