နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီ၏ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့် အီရတ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွင် လူသေဆုံးမှုဖြစ်ပွား

ဘဂ္ဂဒက်၊ ဇွန် ၇

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တူရကီနိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုကို ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ယင်းစခန်းအတွင်းရှိ အနည်းဆုံးလူ ၃ ဦး သေဆုံးသွား ခဲ့ပြီး လူအများအပြားဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ နိုင်ငံရေးပါတီ တစ်ခုမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အီရတ်နိုင်ငံ ကာဒ့် မျိုးချစ်သမဂ္ဂ (Patriotic Union of Kurdistan)မှ အရာရှိတစ်ဦး ဖြစ်သူ ရာရှပ်ဂိုင်လာနီက သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ဒုက္ခသည် စခန်း၌ တူရကီနိုင်ငံမှ ရောက်ရှိလာသော ကာဒ့်လူမျိုး ဒုက္ခသည် ပေါင်း ထောင်များစွာကို လက်ခံထားရကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

တူရကီနှင့် အီရတ် နိုင်ငံနယ်စပ်အနီးတွင် တည်ရှိနေသော ဒုက္ခသည်စခန်းသည် ကာဒ့်အလုပ်သမားပါတီ လက်နက်ကိုင်များ အတွက် အကာအကွယ်ပေးနေသဖြင့် တူရကီနိုင်ငံက နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း တူရကီသမ္မတက ယခုရက်ပိုင်းတွင် ပြောကြားထားသည်။           မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ