နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်နက်တွင် တွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့သိုက်ကို ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်မည်ဟု တူရကီပြောကြား

အစ္စတန်ဘူလ်၊ ဇွန် ၇

တူရကီသည်  ပင်လယ်နက်တွင်  သဘာဝဓာတ်ငွေ့ ၁၃၅ ဘီလီယံ ကုဗမီတာပမာဏရှိသည့် သဘာဝဓာတ်ငွေ့သိုက်အသစ် ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမှ ၂၀၂၃ ခုနှစ်တွင် စတင် ထုတ်လုပ်ရန် စီစဉ်ထားကြောင်း တူရကီသမ္မတ တာရစ်အာဒိုဂန်က ပြောကြား လိုက်သည်။

Tpao  အမည်ရှိ နိုင်ငံ ပိုင်စွမ်းအင်ကုမ္ပဏီမှ Amasra-1ကမ်းလွန် ရေနံတွင်းတွင် နောက်ဆုံးတွေ့ရှိချက်အရ အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်မှ ထုတ်ယူနိုင်သည့် ဓာတ်ငွေ့ပမာဏမှာ ကုဗမီတာ ၅၄၀ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း တူရကီရှာဖွေသူများက Sakarya ရေနံတွင်းအနီးအနားရှိ Tuna-1 တွင်းတွင် သဘာဝဓာတ်ငွေ့ကုဗမီတာ ၄၀၅ ဘီလီယံကို တွေ့ရှိခဲ့ပြီး ထိုတွေ့ရှိချက်မှာ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံ၏ စွမ်းအင်အတွက် အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံတန်ဖိုးရှိသည့် စွမ်းအင်အတွက် ပြည်ပမှ တင်သွင်းမှု အပေါ်မှီခိုရမှုကို လျှော့ချရာတွင် အရေးပါကြောင်း သိရသည်။

တူရကီသည် မကြာသေးမီနှစ်များအတွင်း ယင်း၏ ကမ်းရိုးတန်းများရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး အတွက် အားစိုက်ထုတ်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ