နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ပွား

လာဂိုစ့်၊ ဇွန် ၇

နိုင်ဂျီးရီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းပြည်နယ်၊ ကပ်ဘီ  (Kebbi)တွင် ဓားပြများ၏ တိုက်ခိုက်မှုများကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှုအပြင် လူအများအပြား ထိခိုက်ဒဏ်ရာရ သွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက် သည်။

လက်နက် ကိုင်ဓားပြများက ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်မှု နယ်မြေ Danko-Wasagu အတွင်းရှိ မတူကွဲပြားသော လူမှု အသိုက်အဝန်း ၈ ခုတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ခြင်းကြောင့် လူပေါင်း ၈၈ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Nafi'u Abubakar က ပြည်နယ်မြို့တော် ဘာနင်ကပ်ဘီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိအဆိုပါဒေသ၌ တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် ယင်းဒေသအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့် တပ်ချထားကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။ ပြီးခဲ့ သော ဧပြီလက Kebbi ပြည်နယ်တွင် သေနတ်သမားများ၏ တိုက် ခိုက်မှုတစ်ခုကို ခုခံတားဆီးရန်ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။
မျိုးဝင်း(ref; AFP)






အခြားဆက်စပ်သတင်းများ