နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအစဉ်အလာမှသည်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အတီးနှင့်ပန်းချီ၊ပန်းပုပြိုင်ပွဲ ကျင်းပရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး လျက်ရှိသည်။ ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့်ပန်းချီ၊ ပန်းပုပြိုင်ပွဲကို ၂၀၂၁ ခုနှစ်နိုဝင်ဘာလ တတိယ ပတ်(သို့မဟုတ်) ဒီဇင်ဘာလပထမပတ်တွင် နေပြည်တော်ရှိ ကျင်းပပြုလုပ်ရန် လျာထားကြောင်း ကိုဗစ် ၁၉ ရောဂါကာကွယ် တားဆီးရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှပါသည်။ သာယာငြိမ့်ငြောင်းဖွယ်သံစဉ် များကို ကြားရလျှင် စိတ်နှလုံးဘဝင်တွင် လွမ်းမောကြည်နူးစေပါ သည်။ မြူးကြွသည့်သံစဉ်များကို ကြားရလျှင်တက်ကြွလန်းဆန်း စိတ်ရွှင်လန်းမှုကို ဖြစ်စေသည်။
မြန်မာတို့၏ ပင်ကိုယ်ဗီဇနှင့် စိတ်ဓာတ်၊စရိုက်၊ လက္ခဏများ အရ ရှေးအစဉ်အဆက်ကတည်းက မြန်မာတို့နှင့်လိုက်ဖက်တင့် တယ်သောအနုပညာသံစဉ်တေးသွားရှိပြီဖြစ်ပါသည်။

ထို့အတူခေတ်ရေစီးကြောင်းနှင့်ပြောင်းလဲလာသော အခြေ အနေများအရ အနောက်တိုင်းတေးဂီတများလွှမ်းမိုးလာသည်မှာ သဘာဝကျပါသည်။ သို့သော် မြန်မာ့ထုံးထမ်းအစဉ်အလာ အနုပညာသံစဉ်များလည်းမပျောက်ကွယ်သင့်ပါ။
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကိုမပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက်ရန် ထူးချွန်သော မျိုးဆက်သစ် အနုပညာရှင်များကို ဖော်ထုတ်ပြီး ဂုဏ်ပြုချီးမြှင့်ရန် လူငယ်လူ ရွယ်များ အနေနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို စိတ်ပါဝင်စားလာစေရန် ရည်ရွယ်ချက်များဖြင့်ပထမအကြိမ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီး၊ ပန်းချီ၊ပန်းပု ပြိုင်ပွဲကျင်းပြုလုပ်မည်ဖြစ်သည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနအတွင်း ကျင်းပမည့် ပြိုင်ပွဲဖြစ်သော ကြောင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ အနု ပညာအထက်တန်းကျောင်း (ရန်ကုန်)နှင့် အနုပညာအထက်တန်း ကျောင်း (မန္တလေး) တို့မှ ကျောင်းသား၊ကျောင်းသူများကိုသာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ပြင်ပ ပညာရှင် များကိုသာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ပြင်ပ ပညာရှင်များကို ခေါ်ယူသွားမည်ဖြစ်သည်။

ယဉ်ကျေးမှုဆိုလျှင် စားဝတ်နေရေး အရေးသုံးပါးမှ အစ စာပေ၊ ဘာသာစကား၊ အနုပညာစသည်ကို အကျုံးဝင်ပါသည်။ ဘိုးဘွားစဉ်ဆက်ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသော အစဉ်အလာရှိခဲ့သည့် မြန်မာတို့က ယဉ်ကျေးမှုကွယ် ပျောက်လျှင် လူမျိုးပါကွယ်ပျောက်မည်ဟု ခံယူထားကြသည်။ ပထမအကြိမ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီး၊ ပန်းချီ၊ ပန်းပုပြိုင်ပွဲကြီးအား လှိုက်လှဲစွာ ဂုဏ်ယူကြိုဆိုခြင်းဖြင့် ရိုးရာ ယဉ်ကျေးမှုအမွေကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေချင် ကြောင်း။        ။






အခြားဆက်စပ်သတင်းများ