မန္တလေး၊ ဇွန် ၆
မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ်တွင် ငွေကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက်၊ နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ် လယ်ကြီးစစ်ဆေးရေးစခန်း တွင် မိုင်းတုံဘက်မှ မိုးကုတ်ဘက် သို့ စိုင်းညွန့်နိုင် မောင်းနှင်လာသည့် ယာဉ်ကို သတင်းအရ ရှာဖွေ စစ်ဆေးရာ ငွေကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၂၃၅၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ယင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး