နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေတို ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်

ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကိုးဘီလီဘံ အထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်တို့က ခန့်မှန်းထား ကြသည်။ ကမ္ဘာ့လူသားအားလုံး၏ နေ့စဉ်လိုအပ်နေသည့် စားနပ် ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရ များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ လူတိုင်းသက်တမ်းစေ့ နေနိုင်ရေးအတွက်  အာဟာရပြည့်ဝသော  စားနပ်ရိက္ခာများ ထုတ်လုပ်ရန်လည်း လိုအပ်သည်။

ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာဖြည့်တင်းနိုင်မှု စနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျသည်။ စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းမှသည်   ငတ်မွတ်သူ ပပျောက်ရေးအစီအစဉ်များကို   အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတု အပေါ်မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေးတွင် အခက်အခဲ များရှိနေပေသည်။
သဘာဝပတ်ဝန်းကျင်ကို  မပျက်စီးအောင်  ထိန်းသိမ်း စောင့်ရှောက်ရာတွင် စားနပ်ရိက္ခာဖူလုံမှုကို အစိမ်းရောင်စီးပွားရေး စနစ်သည် များစွာအထောက်အကူဖြစ်စေမည်ဖြစ်၏။ မြန်မာနိုင်ငံ တွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေအတွက် ရေရှည်မျှော်မှန်းပြီး ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

တောင်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သည့်အရင်းအနှီးရရှိရေးနှင့် ထုတ်လုပ်သည့်သီးနှံများ ဈေးကွက်ခိုင်မာရေး တောင်သူတစ်ဦးချင်း၏ အကျိုးစီးပွား တိုးတက်ရေးအတွက် တစ်ဧကအထွက်တိုးရေးနှင့် စိုက်ဧက      တိုးချဲ့ရေးဆောင်ရွက်ရန်လိုအပ်သော်လည်း တစ်ဧကအထွက်တိုး ရေးသည် အရေးပါသော ပြောင်းလဲမှုဖြစ်သည်။ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သည့် စားနပ်ရိက္ခာအားလုံး၏ သုံးပုံတစ်ပုံသည် အလဟဿ အလေအလွင့်ဖြစ်ခဲ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်ချိန်၌ ပျက်စီးဆုံးရှုံးမှုများဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားနပ်ရိက္ခာအသုံးပြု စားသုံးချိန်တွင် အလဟဿဖြစ်ရကြောင်း ဖော်ပြထားသည်။

လူသားများအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်သော အာဟာရပြည့်ဝစွာ လူ့သက်တမ်းစေ့ သက်ရှည်ကျန်းမာစွာ စားသောက်နိုင်ရေး စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့ ခိုင်မြဲသော လယ်ယာကဏ္ဍစားနပ်ရိက္ခာဖူလုံမှုစနစ်များ ထူထောင် ပေးနိုင်ရန်လိုအပ်ချက်များအပေါ် ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြင့် လူ့ဘောင်ဘဝကြီး ပိုမိုထွန်းတောက်သာယာလှပအောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းစေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ