နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြောင်းလဲလာသည့် Covid မျိုးဗီဇများကို WHO မှ ဂရိအက္ခရာအမည်များပေး

ဂျီနီဗာ  ဇွန် ၅

ပြောင်းလဲလာသည့် Covid 19 မျိုးဗီဇများကို ရောဂါစတွေ့ခဲ့သည့် နိုင်ငံ များ၏ အမည်ပေးကာ ကဲ့ရဲ့ပြစ်တင်ခြင်း မျိုးကို ရှောင်ရှားနိုင်ရန် ဂရိအက္ခရာစဉ် များနှင့် အမည်ပေးလိုက်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာ လိုက်သည်။

ယင်းသို့ပြောင်းလဲရာတွင် သိပ္ပံ ဆိုင်ရာအမည်များကို အစားထိုးလိုက် ခြင်းမဟုတ်ဘဲ အမည်သစ်ပေးလိုက် ခြင်းဖြင့်  ပြည်သူများ  ရောဂါနှင့်ပတ် သက်၍ ပြောဆိုဆွေးနွေးရာတွင်အကူ အညီ အထောက်အပံ့ဖြစ်စေရန်သာ ရည် ရွယ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ နည်းပညာအဖွဲ့ အကြီးအ ကဲ ဒေါက်တာ မာရီယာဗန်ကာကော့ဗ် က ပြောသည်။ အမည်သစ်များပေးရာ တွင် ဗြိတိန်မျိုးဗီဇပြောင်း B117 ကို “အယ်လ်ဖာ”ဟုလည်းကောင်း၊ တောင် အာဖရိက မျိုးဗီဇပြောင်း B1351 ကို “ဘီတာ”ဟုလည်းကောင်း ၊ ဘရာဇီး တွင်ဖြစ်ပွားသော P1 ကို “ဂမ်မာ” အဖြစ် လည်းကောင်း အသီသီး အမည်ပြောင်း လဲခဲ့ခြင်းဖြစ်သည်။

 လက်ရှိတွင် ဂရိအက္ခရာမှာ ၂၄ လုံးသာရှိသည့်အတွက် အကယ်၍ မျိုး ဗီဇသစ်၂၄ မျိုး ကျော်လွန်သွားပါက ဆက်လက်သတ်မှတ်ပေးရမည့် အမည် နာမများကိုမူ  စဉ်းစားရခြင်းမရှိသေး ကြောင်း သိရသည်။                     ရဲခေါင် (Ref: AFP)






အခြားဆက်စပ်သတင်းများ