အိုကလာဟိုးမား ဇွန် ၅
အမေရိကန် ပြည်ထောင်စုတွင် လူ ဖြူ၊ လူမည်းလူမျိုးရေးခွဲခြားပြီး အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုများကျုး လွန်ခဲ့သည့် နှစ် ၁၀ဝ ပြည့် အခမ်းအနား တက်ရောက်ရန် Oklahoma ပြည်နယ်၊ Tulsa မြို့ကို သမ္မတ Joe Biden သွား ရောက်ခဲ့ကြောင်း သိရသည်။
၁၉၂၁ ခုနှစ်က လူဖြူလူရမ်းကားများလက်ချက်ကြောင့် လူမည်း ၃၀ဝ ဝန်းကျင် သေဆုံးပြီး လူတစ်သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည့်ဖြစ်ရပ်အတွက် အမေရိကန်တွင် သမ္မတတာဝန်ယူထား စဉ် ပထမဆုံးအကြိမ်အဖြစ် သွားရောက် ခဲ့သည့် သမ္မတ ဘိုင်ဒင်က နာကျင်စရာ ဖြစ်ရပ်များကို အသိအမှတ်ပြုလက်ခံပြီး ကုစားရန် ရည်ရွယ်ကြောင်း ပြောကြား သည်။ ဖြစ်ပျက်ခဲ့သည်များကို အများသိ စေရန် မီးမောင်းထိုးပြပြီး အမေရိကန် ပြည်သူများအားလုံး အပြည့်အဝသိနိုင် စေရန် သမ္မတက ရည်ရွယ် ထားကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က Tulsa မြို့ကိုသွားသည့် လေယာဉ်ပေါ်တွင် ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် လူ မျိုးရေးအရ ချမ်းသာကြွယ်ဝမှုကွာဟ ချက်ကို လျှော့ချနိုင်စေရန် လူမှုအသိုင်း အဝန်းများကြား ရင်းနှီးမြှုပ်နှံသုံးစွဲသွား မည်ဖြစ်ကြောင်းလည်း သိရသည်။ Tulsa မြို့တွင် Black Wall Street ဟု ခေါ်သည့် လူမည်း လူချမ်းသာများ နေထိုင်သည့် ရပ်ကွက်တွင် လူဖြူလူ ရမ်းကားများ တိုက်ခိုက်ဖျက်ဆီး သတ် ဖြတ်မှုများကို ကိုယ်တိုင်ကြုံခဲ့ဖူးပြီး ယခု အချိန်အထိ သက်ရှိထင်ရှားရှိနေ သူ ၃ ဦး ကျန်နေဆဲဖြစ်ပြီး ယင်းတို့ မှာ အသက်ရာကျော်ရှိနေကြပြီဖြစ်သည်။
ရဲခေါင် (ref;Reuters)