နယူးဒေလီ ဇွန် ၅
အိန္ဒိယသမုဒ္ဒရာ ခပ်မြန်မြန်ကြီးပူနွေးလာခြင်းကြောင့် ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များ၏ပြောကြားချက်အရ သိရသည်။ ပြင်းထန်သည့် မုန်တိုင်းများနှင့် ရာသီဥတုအပြောင်းအလဲ အကျပ်အတည်းကြောင့် သမုဒ္ဒရာများတွင် အပူချိန်မြင့်တက်မှု မြန်ဆန်လာခြင်းသည် ဆိုင်ကလုန်းမုန်တိုင်း အရေအတွက်ကို ပိုပိုများပြားလာစေပြီး ပိုမိုပြင်းထန်လာစေခြင်းဖြစ်ကြောင်း ရာသီ ဥတုကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်သည်။
ပြီးခဲ့သည့်လက အိန္ဒိယအနေဖြင့် ဆိုင်ကလုန်းတောက်တဲ့၏ ဒဏ်ကိုဆိုးရွားစွာ ခံစားခဲ့ရပြီး ယခု ရက်သတ္တပတ်အတွင်းမှာပင် ဆိုင်ကလုန်းမုန်တိုင်း(ယာ့စ်ကို ထပ်မံကြုံတွေ့ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဒဏ်သင့် ပြည်သူ တစ်သန်းကျော်ခန့်ကို ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
အိန္ဒိယသည် ဆယ်စုနှစ်များစွာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံစား ခဲ့ကြရပြီး ကမ္ဘာကြီးပူနွေးလာမှုနှင့် သမုဒ္ဒရာများ၏ ပူနွေးမှုနှုန်း ပိုမိုအရှိန်မြင့်တက် လာခြင်းမှာ သဘာဝဘေး၏ အခြေခံအကြောင်းတရားများ ဖြစ်ကြောင်း၊ အနောက် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အာရေဗျပင်လယ် မျက်နှာပြင် အပူချိန်သည် ၂၈ ဒီဂရီစင်တီဂရိတ်သာရှိပြီး ၁၈၉၁ ခုနှစ်နှင့် ၂၀ဝ၀ ပြည့်နှစ် အကြား ဆိုင်ကလုန်းမုန်တိုင်း ၉၃ ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာရေးသုတေသီများက ပြောသည်။
ရဲခေါင် (ref;AFP)