နယူးဒေလီ ဇွန် ၅
အိန္ဒိယအစိုးရသည် ပြည်တွင်း ကာ ကွယ်ဆေးထုတ်လုပ်သည့် Biological- E နှင့် ရူပီး ၁၅ ဘီလီယံ (ဒေါ်လာ ၂၀၅ ဒသမ ၆၂ သန်း) တန် ကာကွယ်ဆေး ထိုးဆေး သန်း ၃၀ဝ အတွက် သဘော တူညီမှုရခဲ့ကြောင်း ဇွန် ၄ ရက်၊ ညနေ ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီမှုမှာ အတည် မပြုရသေးသည့် ကာကွယ်ဆေးအတွက် ပထမဆုံးမှာယူမှုဖြစ်ကာ လက်ရှိတွင် အဆင့် -၃ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီး လာမည့် လအနည်းငယ် အတွင်း ကာကွယ်ဆေးကိုရရှိနိုင်ဖွယ် ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Johnson & Johnson’s မှ COVID-19 ဆေးပမာဏသန်း ၆၀ဝ ခန့်ကို နှစ်စဉ် ထုတ်လုပ်ရန် သီးခြားသဘောတူညီ ချက်ရှိသည့် Biological E. သည် ယခုအခါ ကနေဒါကုမ္ပဏီ၏ mRNA ကိုထုတ်လုပ်ရန် Providence Therapeutics Holdings နှင့် အိန္ဒိယတွင် COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုင်စင်သဘောတူညီချက် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Biological E. ကုမ္ပဏီအနေဖြင့် သြဂုတ်လမှစကာ တစ်လလျှင် ဆေး ပမာဏ ၇၅ သန်းမှ ၈၀ အထိ ထုတ် လုပ်ရန် စီစဉ်ထားကြောင်း ပြောကြား ခဲ့သည်။ ရဲခေါင် (Ref:Reuters)