နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်မှ စေတနာ့ဝန်ထမ်းတစ်သောင်းနီးပါး နုတ်ထွက်

တိုကျို  ဇွန် ၅

ရက်ပေါင်း ၅၀ အတွင်း ကျင်းပ တော့မည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်း အိုလံပစ် အားကစားပွဲများကျင်းပရန် နီးကပ်လာချိန်တွင် စေတနာ့ဝန်ထမ်း ၈၀,ဝ၀ဝ အနက် ၁၀,ဝ၀ဝ ခန့်မှာ ဇွန်လ စောပိုင်းက နုတ်ထွက်သွားခဲ့ကြောင်း သတင်းများအရ သိရသည်။

ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများ နုတ်ထွက်သွားခြင်းမှာ အားကစားပွဲများ လည်ပတ်ရေးပေါ် သက်ရောက်မည် မဟုတ်ကြောင်း၊ အားကစားပွဲများကို အဆင်ပြေချောမွေ့စွာကျင်းပရန် မရှိမ ဖြစ်လိုအပ်သော အထူးအရည်အချင်း ရှိသူများကို ယင်းတို့၏ နေရာများအ တွက် ထိန်းထားနိုင်ရန် စီစဉ်မည်ဖြစ် ပြီး အထူးပြည်ဝင်ခွင့် စည်းမျဉ်းများ  အရ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ် ကြောင်း ပွဲကျင်းပသူများက ဖြည့်စွက် ပြောခဲ့သည်။

အဆိုပါ စေတနာ့ဝန်ထမ်း ၈၀,ဝ၀ဝ သည် ကမ္ဘာတစ်ဝန်းမှ လျှောက်ထားသူ ၂၀ဝ,ဝ၀ဝ ခန့်ထဲမှ ရွေးချယ်ထားခြင်း ဖြစ်သည်။ ယင်းအနက် ၆၄ ရာခိုင်နှုန်း မှာ ဂျပန်နိုင်ငံသားများဖြစ်ပြီး နိုင်ငံခြား သားများ ၁၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။
မျိုးဝင်း (ref;NHK)






အခြားဆက်စပ်သတင်းများ