နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဟီရန်ရှိ အီရန်ရေနံချက်စက်ရုံမီးအကြီးအကျယ်လောင်

တီဟီရန်  ဇွန် ၄ 


အီရန်နိုင်ငံ၏  မြို့တော်  တီဟီရန်တွင် လည်ပတ်ချက်လုပ်နေသည့် ရေနံချက် စက်ရုံမှာ ဗုဒ္ဓဟူးနေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ကြောင်း AP သတင်းဌာန က ဖော်ပြခဲ့သည်။ 

မီးလောင်မှုကြောင့် တီဟီရန်မြို့ကို မီးခိုးမည်းများဖြင့်ထူထပ်စွာ ဖုံးသွားစေ ခဲ့ကာ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိ/မရှိကိုမှု မသိရ သေးကြောင်း၊ မြို့တော် ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မန်ဆာဒါရာဂျက်တီက ပြောရာတွင် အဆိုပါမီးမှာ တီဟီရန်တောင်ပိုင်း အစိုးရပိုင် Tondgooyan ရေနံဓာတုဗေဒ ကုမ္ပဏီရေနံချက်စက်ရုံကို လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ဒါရာဂျက်တီက အစိုးရရုပ်သံကို ပြောခဲ့ရာတွင် မီးသတ်သမားများက ၎င်း စက်ရုံရှိ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပျက်စီးသွားသည်ဟု ယုံကြည်ကြောင်း၊ သို့ရာတွင် အသေးစိတ်ကိုမူ ပြောဆိုခဲ့ ခြင်းမရှိကြောင်း၊ ယခုအချိန်တွင် မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းကို ချက်ခြင်းမသိရသေးသော်လည်း တီဟီရန်တွင် ဗုဒ္ဓဟူးနေ့က အပူချိန် မှာ ၄၀ ဒီဂရီဆဲလ်စီယပ်(၁၀၄) ဒီဂရီဖာရင် ဟိုက်) နီးပါးထိမြင့်တက်နေခဲ့ကြောင်း သိရသည်။ 


ယခင်ကတည်းက အီရန်တွင် အပူ ချိန်ပြင်းသည့်နွေရာသီကာလများတွင် မီးလောင်ကျွမ်းလေ့ရှိခဲ့ပြီး ယခုမီးလောင် မှုမှာ အိုမန်ပင်လယ်တွင် အီရန်နိုင်ငံ၏ အကြီးမားဆုံး စစ်သင်္ဘောမီးလောင် နစ်မြုပ်ပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျိုးဝင်း (ref;CNA)






အခြားဆက်စပ်သတင်းများ