ကဘူးလ် ဇွန် ၄
အာဖဂန်နစ္စတန် တပ်များသည် နိုင်ငံအတွင်းမှ အမေရိကန်တပ်များဆုတ် ခွာသည်နှင့်တစ်ပြိုင်နက် တာလီဘန် များထံ လက်နက်ချနေပြီဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဖော်ပြချက်များအရ ဂတ်ဇ် နီ၊ လားဂ်မန်၊ ဘာဂလန်နဲ့ ဝါဒတ်ခ် တို့ရှိ စစ်စခန်း ၂၆ ခုတွင် အာဖဂန်နစ္စတန် စစ်သားများသည် အမေရိကန်တပ်များ စတင်ဆုတ်ခွာသည့် မေ ၁ ရက်နေ့ မှစပြီး တာလီဘန်များထံ လက်နက်ချခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။
အာဖဂန်နစ္စတန် စစ်သားများသည် မရေရာသည့် စစ်အင်အားဖြည့်တင်းမှု များရောက်လာချိန်ကို စောင့်မျှော်နေ မည့်အစား တာလီဘန်များထံ လက်နက် ချလိုက်ခြင်းမှာ ပိုကောင်းမည်ဟုယူဆ ပြီး ယခုကဲ့သို့လုပ်ဆောင် လိုက်ကြခြင်း ဖြစ်သည်။ အာဖဂန်နစ္စတန် စစ်သားများ အနေဖြင့် ယင်းတို့ပိုင်ဆိုင်သည့်ငွေကြေး နှင့် ဝတ်စုံများကိုလည်း တာလီဘန်များ ထံပေးအပ်ခဲ့ကာ စစ်တပ်အတွင်းပြန် ဝင်မည်မဟုတ်သလို ယင်းတို့ကို အလိုရှိ ပါကလည်း မည်သို့မည်ပုံ ဆက်သွယ် နိုင်သည်ကို အာဖဂန်နစ္စတန် စစ်သား များက အချက်အလက်တွေ ပေးသွားခဲ့ ကြောင်း နယူးယောက်ခ်တိုင်းမ်တွင်ဖော် ပြထားသည်။
ရဲခေါင် (ref;Reuters)