ဘန်ကောက် ဇွန် ၄
ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းလက်ရှိ ဖြစ်ပွားလျက်ရှိသော အဆိုးရွားဆုံး ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် လူအများအပြား အစုပြုံလိုက် ကာကွယ် ဆေးထိုးခြင်းအစီအစဉ်ကို လာမည့် သီ တင်းပတ်တွင် စတင်နိုင်ရန် ရည်ရွယ် ထားပြီး နိုင်ငံအတွင်း COVID-19 ကာ ကွယ်ဆေးဖြန့်ချိရန်အတွက် အရှိန်အ ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။
ဇွန်လအစကတည်းက နိုင်ငံအတွင်း ရှိ ကာကွယ်ဆေးထိုးဌာနများသို့ ကာ ကွယ်ဆေး အလုံးရေ ၉၄၀,ဝ၀ဝ ဖြန့် ဝေပေးထားပြီးဖြစ်ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (CCSA) မှ ပြောရေးဆိုခွင့်ရှိသူ Apisamai Srirangsan က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် နိုင်ငံ ရှိ လူဦးရေ သန်း ၇၀ ဝန်းကျင်အနက်မှ ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုး ပေးနိုင်ရန် ရည်မှန်းထားသောကြောင့် ရှေ့ပြေးအနေဖြင့် လူအစုလိုက်အပြုံ လိုက် ကာကွယ်ဆေးထိုးစီမံချက် အစီ အစဉ်အား ဇွန် ၇ ရက်တွင် စတင်ဆောင် ရွက်မည် ဖြစ်သည်။
ဇွန် ၃ ရက်တွင် နိုင်ငံတွင် COVID- 19 ထပ်မံကူးစက်ခံရသူ ၃၄၄၀ ဦး ရှိပြီး၊ မြို့တော်ဘန်ကောက်မှ စတင်၍ တတိယလှိုင်းစတင်ပြန့်နှံ့ခဲ့သည့် ဧပြီ လဆန်းပိုင်းတွင် ကူးစက်ခံရသည့် ၃၀,ဝ၀ဝ အောက်သာရှိခဲ့ရာမှ စုစုပေါင်း ကူးစက်ခံရသူ ၁၆၅,၄၆၂ ဦး အထိမြင့် တက်ခဲ့သည်။ ရဲခေါင် (ref; reuters)