တဲလ်အဗစ် ဇွန် ၄
နိုင်ငံရေးပါတီများမှ ပါတီများတွင် အချိန်များစွာယူကာ အာဏာခွဲဝေ နေရသော်လည်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၏ ရှည်လျား သော နိုင်ငံရေးအုပ်ချုပ်မှုသည်အဆုံး သို့ရောက်သွားပြီဖြစ်သည်။
နေတန်ယာဟုကို ရာထူးမှဖယ်ရှား ပြီး အစ္စရေး၊ ဒေသတွင်းနှင့် အမေရိကန် နှင့်ဆက်ဆံရေးတို့တွင် ကြီးမားသောအ ကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည့် အုပ် ချုပ်ရေး ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်း ရန် ဇွန်လအစောပိုင်းတွင် မစ္စတာ နေတန်ယာဟုကို ဆန့်ကျင်သည့် ပါတီ များ သဘောတူညီမှုရရှိခဲ့သည်။
ဗဟိုဝါဒီ အတိုက်အခံခေါင်းဆောင် နှင့် ယခင်က နေတန်ယာဟု၏ မဟာ မိတ်ဖြစ်ခဲ့သည့် အစွန်းရောက်အမျိုး သားရေးဝါဒီ နက်ဖ်တာလီဘန်းနက်တ် အကြား နောက်ဆုံးအချိန်သဘောတူညီ ချက်အရ လာမည့် ရွေးကောက်ပွဲများ တွင် မဲအများဆုံးရသောသူကို ငါးနှစ် သက်တမ်း နှစ်ကြိမ်သာ ခွင့်ပြုပေးရန် သဘောတူညီချက်များကို ထုတ်ပြန် ခဲ့သည်။
အုပ်ချုပ်ရေး ညွန့်ပေါင်းအဖွဲ့တွင် ပထမဆုံးအကြိမ်အာရပ်နှင့် အစ္စရေးများ ပါတီများ ရောနှောပါဝင်နေပြီး ၎င်း မဟာ မိတ်အဖွဲ့အနေ့ဖြင့် လက်ရှိအာဏာရ အစိုးရကို မဆုတ်မနစ်ဖြုတ်ချလိုသော ဆန္ဒမှလွဲ၍ အနည်းငယ်သာပေါင်းစည်း မိနေကြောင်း မစ္စတာနေတန်ယာဟု နှင့် သူ၏မဟာမိတ်များက သတိပြုမိခဲ့ ကြသည်။ သို့သော် ဗဟိုဝါဒီအတိုက်အခံ ခေါင်းဆောင် မစ္စတာ လာပစ်ကမူ ယာယီညွန့်ပေါင်းအဖွဲ့တွင် လာမည့်ရက် သတ္တပတ် မဲခွဲစမ်းသပ်ချိန်အထိ ဆက် လက်တည်ရှိနေမည်ဖြစ်ကြောင်း အ ကောင်းဘက်မှ သုံးသပ်ထားသည်။
ရဲခေါင် (ref; Reuters)