နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်း မဟုတ်ကြောင်း WHO ထုတ်ပြန်ပြောကြား

မော်စကို   ဇွန် ၄ 


COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်းမှ ဖြစ်ပေါ် လာ ခဲ့သည်ဆိုသည့် ဆက်စပ် ပြောဆိုနေ မှုများမှာ မည်သည့်တန်ဖိုးတစ်စုံတစ် ရာမှမရှိကြောင်း ရုရှားနိုင်ငံ ကူးစက် ရောဂါကာကွယ်ရေးနှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ Dmitry Lvov က ပြော ကြားလိုက်သည်။ 


ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လင်းနို့ ငှက်များထံမှ ကနဦးစတင် ပေါက်ဖွား လာခြင်းဖြစ်ပြီး  အဆိုပါ  တောရိုင်း တိရစ္ဆာန်များနှင့် ထိတွေ့ဆက်နွယ် ခဲ့သော အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးစက်ခဲ့ကြောင်း ခန့် မှန်းပြောဆိုထားခြင်း ဖြစ်သည်။ 


အဆိုပါ ဖြစ်စဉ်မျိုးကဲ့သို့ ဖြစ်ပွား နေသည့် ရောဂါများမှာ ခန့်မှန်းခြေ ဗိုင်းရပ်စ်အမျိုးအစားပေါင်း ၁၅၀ ခန့် ကူးစက်ခံထားရာမှ ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ရုရှားရုပ်သံနှင့်ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် Lvov က ပြောကြားခဲ့ သည်။ 

လူတစ်ဦးအနေဖြင့် လင်းနို့ငှက်များ နှင့် ဂေဟဗေဒသဘောသဘာဝအရ ထိတွေ့ဖူးသည့် အချို့သော အိမ်မွေး တိရစ္ဆာန်များ၏အသားကို စားမိလျှင် လည်း ယင်းအချက်မှာ ရောဂါကူးစက် ပြန့်နှံ့ရန် ပထမဆုံး အရင်းအမြစ်ဖြစ်လာ နိုင်ကြောင်း ယင်းက ပြောကြားထား သည်။

မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ