ဘေကျင်း ဇွန် ၃
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဆုပြည် နယ်တွင် H10N3 ကြက်ငှက်တုပ်ကွေး ရောဂါပိုးကူးစက်ခံရသည့် ပထမဆုံးလူ ကို တွေ့ရှိခဲ့ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အသိပေး ပြောကြားလိုက်သည်။
အဆိုပါ ကူးစက်ခံရသူလူနာမှာ ကျင့်ကျန်းမြို့မှ အသက် ၄၁ နှစ်အရွယ်ရှိ သည့် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိ တွင် တည်ငြိမ်သောအခြေအနေတွင်ရှိ နေပြီး ဆေးရုံမှဆင်းခွင့်ရရန် စံချိန်စံညွှန်း များနှင့်ကိုက်ညီသည့် အခြေအနေရှိ ကြောင်း အစိုးရပိုင်သတင်းဌာနတွင်ဖော် ပြထားသည်။
ကျန်းမာရေးအာဏာပိုင်များကမူ အဆိုပါ ရောဂါဖြစ်ပွားမှုမှာ ကြက်၊ ဘဲများ မှတဆင့် လူထံသို့ကြိုကြားကူးစက်ခြင်း ဖြစ်ပြီး ရောဂါကူးစက်မှုကို ဖြစ်တောင့် ဖြစ်ခဲ့ အလွန်နည်းပါးသည်ဟု ပြောကြား ခဲ့သည်။
အဆိုပါလူနာတွင် H10N3 ကြက်ငှက် တုပ်ကွေးဗိုင်းရပ်စ်ရှိကြောင်း မေလ နောက်ဆုံးပတ်က စစ်ဆေးတွေ့ရှိခဲ့ပြီး ထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်ပိုးကူးစက် ခံရခြင်းနှင့်ပတ်သက်၍ အမျိုးသား ကျန်း မာရေးကော်မရှင်က အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
ရဲခေါင် (ref;BBC)