ဝါရှင်တန် ဇွန် ၃
Covid ကာကွယ်ဆေးအတွက် အမေရိကန်ဈေးကွက်သို့ တိုက်ရိုက် ထိုးဖောက် နိုင်သည့် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု (FDA)၏ ခွင့်ပြုချက် ကို အပြည်အဝရရန် လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ကြောင်း Moderna က ဇွန်လအစောပိုင်းတွင် ကြေညာလိုက်သည်။
Moderna ထုတ် COVID-19 ဗိုင်းရပ်စ်ကာကွယ်ဆေးမှာ FDA ၏ ယာယီအရေး ပေါ်အသုံးပြုမှုခွင့်ပြုချက်ကို ဒီဇင်ဘာလကတည်းကရရှိထားပြီး နိုင်ငံတစ်ဝန်း ကာကွယ်ဆေးဖြန့်ဝေရန် ခွင့်ပြုထားခြင်းဖြစ်သည်။ Moderna အနေဖြင့် အဆိုပါ လုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ရပ်အဖြစ်လာမည့်သီတင်းပတ်အတွင်း ကာကွယ် ဆေးနှင့်ပတ်သက်သည့် အခြေခံအချက်အလက်များကိုပေးပို့မည်ဖြစ်ကာ ယနေ့ အချိန်အထိ Moderna ထုတ် COVID-19 ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၂၄ သန်းကျော်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Moderna ကာကွယ်ဆေးကို ၂၈ ရက်ခြားစီ ၂ ကြိမ်ထိုးရပြီး အရွယ်ရောက်သူများတွင် ၉၀ ရာခိုင်နှုန်းထိ ထိရောက်ကြောင်း တွေ့ရှိရသည်။
အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ကလေးငယ်များအကြားထိုးရာတွင် ၁၀ဝ ရာခိုင်နှုန်းထိရောက်မှုရှိပြီး အဆိုပါ ကာကွယ်ဆေးကို ကလေးများအတွက် မကြာမီ အသုံးပြုရန် ခွင့်ပြုချက်ရလိမ့်မည်ဟုမျှော်လင့်ကြောင်း ကုမ္ပဏီက ပြောကြား သည်။ ရဲခေါင် (ref; BBC)