နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးတောင် ထပ်မံပေါက်ကွဲလာနိုင်သဖြင့် ဂိုမာဒေသခံထောင်ပေါင်း များစွာ နေရပ်မှ တိမ်းရှောင်နေရ

ဂျီနီဗာ   ဇွန် ၃

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရှိ နီယာဂွန်ဂိုမီးတောင်မှ  မီးတောင် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားနိုင်သော ကြောင့်  အနီးနားရှိ ထောင်နှင့်ချီသော ဂိုမာဒေသခံများမှာ မြို့မှထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း  ကုလလူသား ချင်းစာနာမှုရုံးက ပြောကြားလိုက်သည်။

လူ ၃၀ ကျော်သေဆုံးခဲ့ပြီး ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ပေါက်ကွဲခဲ့သည့် နီရာဂွန်ဂိုမီးတောင်တွင် ထပ်မံ ပေါက်ကွဲ နိုင်သည့် အန္တရာယ်ရှိနေကြောင်း ဂိုမာရှိ မီးတောင် စောင့်ကြည့်လေ့လာရေးဌာန က သတိပေးခဲ့သည်။

မီးတောင်ပေါက်ကွဲပြီး ငါးရက်အ ကြာတွင် ဂေါမာခရိုင် ၁၀ ခုမှ ပြည်သူ ပေါင်း ၆၇၀,ဝ၀ဝ ခန့်ကို ဘေးလွတ်ရာ  သို့ ကြိုတင်ရွေ့ပြောင်းရန်အမိန့်ထုတ် ပြန်ခဲ့ကြောင်း မြောက်ကီဝူပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသခံများက ပေါက်ကွဲမှု‌ကြောင့် ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ထိ လှုပ်ခတ်သည့်အခါ မီးတောင်အက် ကြောင်းများမှ ကျလာမည့်ချော်ရည်များ မှ မလွတ်မြောက်မှာကို စိုးရိမ်မှုရှိနေကြ သည်။

မီးတောင်ပထမဆုံး ပေါက်ကွဲခဲ့ပြီး နောက် လွင့်စင်ထွက်လာသည့် ချော်ရည် များ၊ ပြာများ၊ ဓာတ်ငွေများကြောင့် အိမ် များ၊ ကျောင်းများနှင့် ကျန်းမာရေး အ ဆောက်အအုံများထိခိုက်ကာ လမ်းများ ပြတ်တောက်ခဲ့ပြီး မြို့၏ ရေနှင့် လျှပ်စစ် ဓာတ်အားပေးဝေရေးစနစ်များကို ထိ ခိုက်ပျက်စီးစေခဲ့သည်။
 မျိုးဝင်း (ref; reuters)






အခြားဆက်စပ်သတင်းများ