အဘူဂျာ ဇွန် ၃
နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းတွင် မေ ၂၆ ရက်ကဖြစ် ပွားခဲ့သော စက်လှေတိမ်းမှောက်မှု အတွင်း သေဆုံးသူအရေအတွက် သည် ၇၆ ဦးထိ ရောက်ရှိလာပြီး လူ ပေါင်း ၂၀ ကျော်ကို ကယ်ဆယ်ပေး နိုင်ခဲ့ကြောင်း မေ ၃၁ ရက်က သတင်း ထုတ်ပြန်လိုက်သည်။
နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်းရှိ Kebbi ပြည်နယ်အစိုးရ၏ မေ ၂၉ ရက် ထုတ် ပြန်ကြေညာချက်အရ Niger ပြည်နယ်မှ Kebbi ပြည်နယ် သို့ မောင်းနှင်လာသော စက်လှေတစ် စင်းသည် မေ ၂၆ ရက်က နိုင်ဂျာမြစ် အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ၊ လက်ရှိအချိန်အထိလူပေါင်း ၂၀ ကျော် ကို ကယ်တင်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ပေါင်း ၇၆ ဦး၏ ရုပ်လောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။
Kebbi ပြည်နယ် အုပ်ချုပ်ရေးမှူး က ပြည်သူများအနေဖြင့်စက်လှေဖြင့် ခရီးသွားလာရာတွင် ရေပေါ်လိုက်နာ ရမည့် လုံခြုံရေးစည်းမျဉ်းများကို လိုက် နာသွားရန်နှင့် အသက်နှင့် ပိုင်ဆိုင်မှုဆုံးရှုံးစေနိုင်သော အန္တရာယ်များသည့် ဆောင်ရွက်မှုများကို ရှောင်ရှားရန်တိုက် တွန်းခဲ့သည်။
သတင်းအချက်အလက်များအရ အခင်းဖြစ်ပွားသည့် စက်လှေပေါ်တွင် လူပေါင်း ၁၅၀ ဦး တင်ဆောင်ခဲ့ကြောင်း ၊ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရ သည်။
နိုင်ဂျီးရီးယားနိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယခုအကြိမ် စက်လှေမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဝန်ပိုတင်ဆောင် ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ဝန်ပိုတင်ဆောင်ခြင်း ၊ ရာသီဥတု ဆိုးရွား ခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ချက် မပြည့်စုံခြင်းကြောင့် နိုင်ဂျီးရီးယားနိုင်ငံတွင် စက်လှေတိမ်း မှောက်မှုများ မကြာခဏဖြစ်ပွားခဲ့ရ သည်။ မျိုးဝင်း (ref; Xinhua)